မိုးညှင်း၊ နိုဝင်ဘာ ၁၅
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးများ ကို ယမန်နေ့ နံနက်(၉)နာရီမှစတင်၍ လူဦးရေ(၃၃၄၅)ဦးတို့ကို စုရပ်နေရာခြောက်ခု တွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် မိုးညှင်းမြို့နယ်အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ နန်းမား၊ နန့်မွန်း၊ အင်းတော်ကြီးဒေသနှင့် မော်ဟန်ဒေသတို့၌ သံဃာတော်/သီလရှင်(၁၂)ပါး၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်း တစ်ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၅၈)ဦး၊ ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများမှ (၁၀)ဦး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူများ (၂၂၉၇)ဦး၊ ဈေးသူ/သားများ (၁၂၉)ဦးနှင့် မှီခိုသူ (၈၃၈)ဦး စုစုပေါင်း ပြည်သူ(၃၃၄၅) ဦးတို့အား စုရပ်နေရာများတွင် ကျန်းမာရေးဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်လူမှုကူညီရေးအသင်းအဖွဲ့များက စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲသူရအောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment