ပိုင်ကျုံမြို့၌ အ-ထ-ကကျောင်းတွင် အသက်(၁၂)နှစ် ကျောင်းသား၊ ကျောင်းသူများ ပထမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပိုင်ကျုံမြို့၌ အ-ထ-ကကျောင်းတွင် အသက်(၁၂)နှစ် ကျောင်းသား၊ ကျောင်းသူများ ပထမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ



ပိုင်ကျုံ၊ နိုဝင်ဘာ  ၁၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုလျှော့နည်းစေရေး၊ ရောဂါအမြန် ကာကွယ်  ထိန်းချုပ်နိုင်ရေးနှင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ    ပညာသင်ကြားနိုင်စေ ရန် ရည်ရွယ်၍  ပထမအသုတ်အကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ပိုင်ကျုံမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ပိုင်ကျုံမြို့နယ်အတွင်းရှိ   အခြေခံပညာကျောင်းများဖြစ်သည့် အထက်တန်းကျောင်းအထက(ခွဲ)ကျောင်း၊  အလက ကျောင်း၊ အလက(ခွဲ)ကျောင်းနှင့် မူ(လွန်)ကျောင်းများ တွင် တက်ရောက်ပညာသင်ကြားနေသည့် အသက်(၁၂)နှစ်အထက်  ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာ ပျော်ရွှင်ပြီး  စိတ်အေးချမ်းသာစွာ  ပညာသင်ကြားနိုင်ရေးနှင့်   လူ့စွမ်းအာအရင်းအမြစ် တိုးတက် စေရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို နိုဝင်ဘာလ (၁၅) ရက်နေ့တွင် (၆၉၆) ဦး ထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုင်ကျုံမြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးသက်နိုင်စိုးက ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးလာရောက် ထိုးနှံမည့်သူများအား ဆေးမထိုးခင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေး အတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏတိုင်းတာပေးခြင်းများ စစ်ဆေးဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများတို့က ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရေးအတွက် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း - ပိုင်ကျုံ (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)