ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၁၂ အထက် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် စတင်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ အသက် ၁၂ အထက် အခြေခံပညာ ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac ဒုတိယအကြိမ် စတင်ထိုးနှံပေး





ဆိပ်ကြီးခနောင်တို၊ နိုဝင်ဘာ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ “ကျောင်းနေ အရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့” ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဒုတိယအကြိမ် စတင် ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်း ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံမည့် အသက် ၁၂ နှစ်နှင့်အထက်  အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၀၄၆ ဦးအားရှိရာ ၎င်းတို့အနက်  ၁၁၆ ဦးအား ယနေ့တွင် မြို့နယ် ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး (ဒုတိယအကြိမ်)  စတင် ထိုးနှံပေးလျက်ရှိပြီး၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်  လူမှုရေး အဖွဲ့အစည်းများ က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - ဝေယံ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)