မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ဌာန်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအဆင့် ဌာန်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်


မကွေး၊ နိုဝင်ဘာ  ၁၅

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိတို့လုပ်ငန်း တာဝန်များကို (၆)လတာဘတ်ဂျက်အတွင်း ဆောင်ရွက်ရမည့်ဖြစ်သဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ရုံးအဆောက်အဦများနှင့် ရုံးပတ်ဝန်းကျင်များအား သန့်ရှင်းသာယာလှပရေး စီမံဆောင်ရွက် စေလိုကြောင်းနှင့် ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများကို အထူးသတိထား ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများ လျော့နည်းလာပြီဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများအား မြို့ပေါ်ရပ်ကွက်များတွင် သာမက ကျေးလက်ဒေသများရှိ ပြည်သူများအထိ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ထို့နောက် အခမ်းအနားကို တက်ရောလာကြသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ မိမိတို့ဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်း စီမံချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရသည်။

သတင်း - ကိုစည်သူ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)