လယ်ဝေး၊ နိုဝင်ဘာ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်း၊ အထက်တန်းတို့တွင် ပညာသင်ယူလျှက်ရှိသော အသက်(၁၂)နှစ်ထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပထမအကြိမ်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့သီရိရတနာခန်းမတွင် ဆက်လက်ထိုးနှံပေးလျှက်ရှိရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၁၇၈၈၁)ဦးထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာပေးခြင်းများပြုလုပ်ပြီး အလှည့်ကြကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ပေးသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေပြီး ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာကျန်းမာရေးဌာနဝန်ထမ်းများနှင့်တာဝန် ရှိသူများက ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိသည်။
လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးစင်တာ၊ တိုက်နယ်ဆေးရုံများ၊ ကျေးရွာ ကျန်းမာရေးဌာနခွဲများတွင် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac)ကို အောက်တိုဘာ(၁၂)ရက်နေ့မှ စတင်ထိုးနှံပေးလျှက်ရှိပြီး နိုဝင်ဘာ(၂၅)ရက်နေ့ အထိ ကျောင်းသား၊ ကျောင်းသူ(၈၃.၁၈)ရာခိုင်နှုန်း ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment