ကြံခင်းမြို့တွင် နိုင်ငံတော်သမ္မတကသာသနာဆိုင်ရာ၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှုဒါန်းပွဲတွင် (ကမ္မဋ္ဌာနာစရိယ) ဘွဲ့တံဆိပ်ကို ဆက်ကပ်လှုဒါန်းခြင်းကို ရရှိတော်မူသော သာသနဓဇဓမ္မာစရိယ "ဘဒ္ဒန္တစိန္တိတ" အရှင်သူမြတ်၏ "ဂုဏဝိသိဋ္ဌ ပူဇော်ပွဲမင်္ဂလာအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့တွင် နိုင်ငံတော်သမ္မတကသာသနာဆိုင်ရာ၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှုဒါန်းပွဲတွင် (ကမ္မဋ္ဌာနာစရိယ) ဘွဲ့တံဆိပ်ကို ဆက်ကပ်လှုဒါန်းခြင်းကို ရရှိတော်မူသော သာသနဓဇဓမ္မာစရိယ "ဘဒ္ဒန္တစိန္တိတ" အရှင်သူမြတ်၏ "ဂုဏဝိသိဋ္ဌ ပူဇော်ပွဲမင်္ဂလာအခမ်းအနားကျင်းပ




ကြံခင်း၊ နိုဝင်ဘာ ၂၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်မြို့မရပ်ကွက် စံရာတိုက်-ရေဝန်းကျောင်းတိုက်ဓမ္မာရုံတွင် ယနေ့ နံနက်(၈)နာရီခွဲအချိန်က နိုင်ငံတော်သမ္မတရုံး၊ အမိန့်ကြော်ငြာ (၁/၂၀၂၀) နိုင်ငံတော်သမ္မတက သာသနာဆိုင်ရာ၊ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှုဒါန်းပွဲတွင်(ကမ္မဋ္ဌာနစရိယ) ဘွဲ့တံဆိပ်တော်ဆက်ကပ်လှုဒါန်းခြင်းကို ရရှိတော်မူသော သာသနဓဇဓမ္မာစရိယ  "ဘဒ္ဒန္တ စိန္တိတ"အရှင်သူမြတ်၏ "ဂုဏဝိသိဋ္ဌပူဇော်ပွဲအခမ်းအနား"ကျင်းပခဲ့ကြောင်းသိရသည်။

ပထမဦးစွာမဟာသမယပရိတ်အသင်းနှင့် အဘိဓမ္မာပရိတ်အသင်းမှ ရှစ်လုံးဘွဲဖြင့်ရွတ်ပွားပူဇော်ပြီး၊ ဆရာတော်ကြီးများနှင့် အပူဇော်ခံဆရာတော်ကြီးများအား စံရာတိုက်-ရေဝန်းကျောင်းတိုက်ဓမ္မာရုံပေါ် သို့ပင့်ဆောင်ပူဇော်ကြပါသည်။

ထိုနောက် အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို ဖွင့်လှစ်ဘုရားကန်တော့ပြီး၊ အပူဇော်ခံဆရာတော် သာသနဓဇဓမ္မာ စရိယ "ဘဒ္ဒန္တ စိန္တိတ"ဆရာတော်အရှင်သူမြတ်အား ဘိုကလေးမြို့၊ စက်ဆန်းမြို့ ဦးကျောက်းတိုက် မိုးကုတ်ကမ္မဋ္ဌာနာစရိယ သာသနတက္ကသီလာ ဓမ္မာစရိယ"ဘဒ္ဒန္တဝိလာသ"ဆရာတော်မှ ပလ္လင်တော်ပင့်အခါတော်ကြားဂါထာဖတ်ကြားပူဇော်ပါသည်။

၎င်းနောက် ဟင်္သာတမြို့ မန္တလေးကျောင်းတိုက် ဆရာတော်"ဘဒ္ဒန္တစိတ္တရ"ဆရာတော်အရှင်သူမြတ်ထံမှ(၈)ပါးသီလခံ ယူဆောက် တည်ကာဩဝါဒခံယူကြပြီး ဘွဲ့တံဆိပ်တော်ရ စံရာတိုက်-ရေဝန်းကျောင်း ဆရာတော်မှ"ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာ အခမ်းအနား"ကျင်းပပေးတော်မူခြင်းအတွက် ဝမ်းမြောက်ကျေးဇူး ဥပကာရတင်ရှိကြောင်းမိန့်ကြားပါသည်။

ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းတန်မှသာသနာရေးဆိုင်ရာကိစ္စရပ်များအား လျှောက်ထားပြီး၊ သံလျင်မြို့ မူလသာယာကုန်းရိပ်သာ  မိုးကုတ်ဓမ္မကထိက ဆရာတော်ဒေါက်တာ တိက္ခဉာဏမှအပူဇော်ခံ ကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်ရ စံရာတိုက်-ရေဝန်းကျောင်းတိုက်ကြီး၏ပဓာန နာယကဆရာတော် "ဘဒ္ဒန္တစိန္တိတ"မဟာထေရ်၏ ထေရုပ္ပတ္တိ ကို ဖတ်ကြားပါသည်။

ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များအား ဆက်ကပ်လှုဒါန်းပြီး၊ အနုပညာဂီတအဖွဲ့မှ ရတုပုဒ်စုံဖြင့် ရွတ်ဖတ်ပူဇော်ကြကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သာသနအောင် လံကျောင်းဆရာတော်"ဘဒ္ဒန္တဝါယမ"ဆရာတော်ဘုရားမှ ထုတိဝေဒလ္လဂါထာတော်အား ဖတ်ကြားပူဇော်ကြပြီး လှုဒါန်းဖွယ် ရာ အဖြာဖြာတို့နှင့် နဝကမ္မဝထ္ထူငွေများ ဆက်ကပ်လှုဒါန်း ကြကြောင်းနှင့် လှုဒါန်းမှုအစုစုတို့အား ကြံခင်း မြို့နယ် သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးဝါယမ ကအနုမောဒနာ တရားချီးမြှင့်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပြီးမြောက်ကြောင်းသိရသည်။                                                             

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)