မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ အခြေခံပညာကျောင်းများနှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ဆရာ ၊ ဆရာမ ၃၁၂၄၄ ဦးအတွက် ကျောင်းဝတ်စုံများပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ အခြေခံပညာကျောင်းများနှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ ဆရာ ၊ ဆရာမ ၃၁၂၄၄ ဦးအတွက် ကျောင်းဝတ်စုံများပေးအပ်




မန္တလေး၊ နိုဝင်ဘာ  ၂၆

မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်(၇)ခုရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှဆရာ၊ဆရာမ(၃၁၂၄၄)ဦးအတွက်ကျောင်းဝတ်စုံများထောက်ပံ့ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်ရှိ ရတနာပုံခန်းမတွင်ကျင်းပ ခဲ့သည်။

အခမ်းအနားကို မြတ်ဆရာသီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း ခရိုင် (၇)ခုရှိ အခြေခံပညာကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ ဆရာ ဆရာမ များအတွက် ကျောင်းဝတ်စုံများကို သက်ဆိုင်ရာပညာရေးမှူးများနှင့် ဆရာ၊ဆရာမများထံသို့ လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက တက်ရောက်လာကြသည့် ဆရာ ဆရာမများထံသို့ ကျောင်းဝတ်စုံများကို လည်းကောင်း လက်ရောက်ပေးအပ်ခဲ့ပြီး တိုင်းဒေသ ကြီးပညာရေးမှူး ဦးမောင်ကြယ်က ကျေးဇူးတင်စကား ပြောကြားပြီးနောက် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ခရိုင်အလိုက် ပညာ ရေးမှူးများနှင့် ဆရာ၊ ဆရာမများတက်ရောက်ကြကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆရာ၊ ဆရာမ(၃၁၂၄၄)ဦးအတွက် ကျောင်းဝတ်စုံ(၃၁၂၄၄)(တန်ဖိုးငွေကျပ်သိန်း၂၅၄၀) ပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များအတွက် လိုအပ်သော အဆောက်အဦများဆောက်လုပ်ပေးခြင်း၊ သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ခြင်း၊ပညာရေးဝန်ထမ်းများ အားငွေကြေး ထောက်ပံ့ပေးခြင်း၊ အခြေခံပညာ ဆရာဆရာမများအား ကျောင်းဝတ်စုံထောက်ပံ့ပေးခြင်းများအတွက် ငွေကျပ် (၁၁၉၃ဒဿမ ၁၇၈)သန်းသုံးစွဲဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်း - ထိပ်ထားနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)