ကြို့ပင်ကောက်၊ နိုဝင်ဘာ ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဦးစားပေးအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက မဟာလောကသီရိဘုရားကြီးတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသူများအား နံနက် ၉ နာရီမှစ၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ ၅၆၂၂၀ ဦးရှိပြီး ဒုတိယအကြိမ် ထိုးနှံပြီးသူ ၃၀၅၀၉ ဦးရှိပြီဖြစ်ကြောင်း ယနေ့ ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူ ၁၄၁၅ ဦး ထိုးနှံပေးခဲ့ကြောင်း ဆက်လက်၍ ဒုတိယအကြိမ်ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်ဆေးရရှိမှု အပေါ် မူတည်၍ ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရ သည်။
ကြို့ပင်ကောက်မြို့တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုတွေ့ရှိသူ(၁၁၂၂)ဦး တွေ့ရှိခဲ့ပြီး သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၁၀၂၄) ဦးရှိကြောင်း ကိုဗစ်-၁၉ ကုသရေးစင်တာ မြို့နယ် ပြည်သူ့ဆေးရုံးတွင် ဆေးကုသမှုခံယူနေရသူ (၁)ဦးရှိကြောင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ (၉၅)ဦး ရှိခဲ့သောကြောင်း ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဆက်လက်ပြီး လိုက်နာနေထိုင် သွားစေလိုကြောင်းနှင့် ရောဂါကာကွယ်ဆေးများကို ထိုးနှံထားကြရန် တိုက်တွန်းလိုကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သတင်း - ဇေယျာထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment