ဆိပ်ကြီးခနောင်တို၊ နိုဝင်ဘာ ၂၄
ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း အခြေခံစားသောက်ကုန်များကို ဈေးနှုန်း ချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှု မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း၏စီစဉ်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း၌ ယနေ့ နံနက်ပိုင်းက ဆန်၊ ဆီသယ်ယူပို့ဆောင်ရေးနှင့် ရောင်းချရေးယာဉ်ဖြင့် မြို့နယ်နေပြည်သူများအား အခြေခံ စားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် သားငါးများကို ဈေးနှုန်းသင့်တင့်စွာ လာရောက် ရောင်းချ ပေးခဲ့ကြောင်း သိရ သည်။
ယင်းသို့ ရောင်းချပေးရာတွင် ပြည်သူများ ဈေးနှုန်းသင့်တင့်စွာ ဝယ်ယူနိုင်ရေးအတွက် ဆန်ကြမ်း (၁)ပြည် လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် (၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀ နှုန်းဖြင့်လည်းကောင်း၊ ပေါ်ဆန်း (၁)ပြည်လျှင် ငွေကျပ် ၁၇၀၀ နှုန်းဖြင့်(၅)ပြည်အိတ် တစ်အိတ်ကို ငွေကျပ် ၈၅၀၀နှုန်းဖြင့် လည်းကောင်းဆီ ၅၀ သား တစ်ဘူးကို ငွေကျပ် ၁၈၅၀ ဖြင့်လည်းကောင်း စုစုပေါင်း ဆန်အိတ် ၂၆၂ အိတ်၊ ဆိတ်သား ၁၀ ပိဿာနှင့် အမဲသား ၁၅ ပိဿာတို့ကို ဆမားဒူးဝါးရပ်ကွက်နှင့် ချောင်းဝိုင်းလေး ရပ်ကွက်တွင်းတို့တွင် မြို့နယ်နေ ပြည်သူများအား ရောင်းချပေးခဲ့ရာ မြို့နယ်တာဝန်ရှိသူများ၊ စည်ပင်သာယာ ဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ဝေယံ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment