စစ်တွေ၊ နိုဝင်ဘာ ၂၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းအသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အသင်းအဖွဲ့များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပြည်နယ်အ စိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးတင်လှက အဖွင့်အမှာစကားပြောကြားပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးနှင့် တိုင်းရင်းသား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် တိုင်းရင်းသား ကျေးရွာများ၊ တိုင်းရင်းသားဒေသများ၊ တိုင်းရင်းသား လူငယ်များအတွက် ဦးစီးဌာနများမှ ဆောင်ရွက်ပေးနေသည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြား ကြသည်။
ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးက ရခိုင်၊ ခမီ၊ မြို၊ သက်၊ ဒိုင်းနက်(သက္ကမ)၊ မရမာကြီး၊ အရှို(ချင်း)၊ စုမ်းတူ(ချင်း)၊ လေးတူ(ချင်း)၊ လောက်တူ(ချင်း)နှင့် ဥ(ပ်)ပူး(ချင်း) တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု အသင်းတို့အား ထောက်ပံ့ငွေများ ပေးအပ်သည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းအသင်းအဖွဲ့ မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များအား တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု လုပ်ငန်းများ၊ အထွေထွေကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အသင်းအဖွဲ့တစ်ဖွဲ့လျှင် ထောက်ပံ့ငွေ ၅၀၀၀၀၀ သိန်းနှုန်းဖြင့် အသင်းအဖွဲ့(၁၁)ဖွဲ့အတွက် (၅၅)သိန်းအား ထောက်ပံ့ပေးအပ်ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း - တင်ထွန်း(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment