အင်္ဂပူ၊ နိုဝင်ဘာ ၃
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ကွင်းကောက်(မြောက်)ဒေသ အောင်ချမ်းသာ ကိုယ်ပိုင်အထက်တန်း၊ အလယ်တန်းကျောင်းမှ အသက် (၁၂)နှစ် အထက် ကျောင်းသား/သူများအား ယနေ့နံနက်၉နာရီက ကိုဗစ်ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး ဦးဆောင်သောအဖွဲ့ဝင်များနှင့် မြို့နယ်ပညာရေးမှူး ဦးလှထွဋ် တို့မှ ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံမှုများကို ကြည့်ရှု အားပေးခဲ့ပြီး အောင်ချမ်းသာ ကိုယ်ပိုင် အထက်တန်းကျောင်းမှ အထက်တန်း၊ အလယ်တန်း အဆင့် ၁၂နှစ်အထက် ကျား (၅)ဦး၊ မ(၁၁) ဦး စုစုပေါင်း (၁၆)ဦးတို့အား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
၂-၁၁-၂၀၂၁ရက်နေ့အထိ အင်္ဂပူမြို့ နယ်အတွင်းရှိအခြေခံပညာ အထက်တန်း ကျောင်း၊ အလယ်တန်း ကျောင်းများနှင့် မူလွန်ကျောင်းတို့တွင် ပညာ သင်ယူလျက်ရှိသောအသက် (၁၂) နှစ်အထက် ကျောင်းသား ၊ ကျောင်းသူ (၇၉၉၄)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးပြီးဖြစ် ကြောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရှိရသည်။
သတင်း - မန်းကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment