ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အမြန်းဆုံးလျော့ချနိုင်ရေးအတွက် ရောဂါပိုး ကူးစက်ခံရသူရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အမြန်းဆုံးလျော့ချနိုင်ရေးအတွက် ရောဂါပိုး ကူးစက်ခံရသူရှိ၊ မရှိ အခမဲ့ စစ်ဆေးပေး


ခရမ်း၊ နိုဝင်ဘာ  ၅

ရန်ကုန်တိုင်းဒေသကြီး၊‌ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း အမြန်ဆုံး လျော့ချနိုင်ရေး အတွက် ခရမ်းမြို့နယ်၊ မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ခံရမှု ရှိ၊ မရှိအခမဲ့စစ်ဆေးပေးခြင်းကို ယမန်နေ့ နေ့လည် ၂ နာရီက RDT Test Kitဖြင့် တာဝန်ရှိ သူများမှတိုးမြှင့်စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း ယခင်ထက် လျော့နည်းကျဆင်းလာသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှုန်း ဆက်လက်လျော့နည်းလာစေရေးအတွက် မြို့ဈေးကြီးရှိ ဈေးသူ၊ ဈေးသား( ၇၀)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှုရှိ၊မရှိ  RDT Test Kit ဖြင့်   စစ်ဆေးပေးခဲ့ရာ ရောဂါပိုးတွေ့ရှိသူမရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရမ်းမြို့မ ဈေးကြီး တာဝန်ခံနှင့်ဈေးကြီးကြပ်ရေးမှူးများက ခရမ်းမြို့မဈေးကြီးအတွင်း ဈေးရောင်းချနေသည့် ဈေးသည် (၇၀)ဦးတို့အား ပထမအကြိမ်အဖြစ် စစ်ဆေးပေးခဲ့ခြင်း ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှုရှိ၊မရှိ စစ်ဆေးပေးခြင်းကို ခရမ်းမြို့နယ်ရှိ ဈေးများ၊ ရပ်ကွက်များနှင့်  ကျေးရွာများ တွင်ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

သတင်း - ကိုမင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)