လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံ


လှည်းကူး၊ နိုဝင်ဘာ   ၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ဆေးထိုးရန်ကျန်ရှိသည့် အခြေခံ ပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ များကို ယမန်နေ့က  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမ အကြိမ် စတင်ထိုး နှံပေးလျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဆေးထိုးရန်လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများကို    မိဘအုပ်ထိန်းသူ ခွင့်ပြုချက်ရယူခြင်း၊ စာရင်းရေးသွင်းခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများ ပြုလုပ်ပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီးနောက်  မိနစ်(၃၀)ခန့် အနားယူစေခြင်းစသည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အ-ထ-က(လှည်းကူး)၊ အ-ထ-က(မြို့မ)၊ အ-ထ-က (ဘိုးရင်ကလေး)နှင့် အ-လ-က(ဥယျာဉ်ဝ) စသည့် ဆေးထိုးစုရပ်များတွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး  ဆေးလာရောက်ထိုးနံသည့်ကျောင်းသား၊ကျောင်းသူ ၉၉၃ ဦးရှိကြောင်း သိရှိရသည်။

သတင်း - ကျော်ကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)