ဖျာပုံမြို့နယ်တွင် အသက်(၄၅)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖျာပုံမြို့နယ်တွင် အသက်(၄၅)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး



ဖျာပုံ၊ နိုဝင်ဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အသက်(၄၅)နှစ်အထက် ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မှ စတင်၍ ဖျာပုံမြို့ ပြည်သူ့အားကစားခန်းမတွင် ဆေးထိုးစုရပ်ထားရှိ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါအသက်(၄၅)နှစ်အထက် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသည့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကာကွယ်ဆေးလာရောက် ထိုးနှံသူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆)ပေစီခြား၍ စနစ်တကျ နေရာချထားပြီး၊ ရပ်ကွက်/ ကျေးရွာအလိုက် နေ့ရက်မျာခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယခင်ဆေးထိုးစုရပ်ဖြစ်သည့် ကျောင်းနေရာများအစား ဖျာပုံမြို့ ပြည်သူ့အားကစားခန်းမတွင် ဆေးထိုးစုရပ်ထားရှိပြီး အသက်(၄၅)နှစ်အထက် ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးဆက်လက်ထိုးနှံခြင်းကို ဆောင်ရွက်ပေး လျက်ရှိရာ မြို့နယ်အနေဖြင့်တစ်နေ့လျှင် ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးအား လူဦးရေ(၂၅၀)ဦးခန့်ကို နေ့စဉ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

သတင်း  - အောင်ဝင်းနိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)