ကန့်ဘလူမြို့မှ NLD, PDF အကြမ်းဖက်သမား တရားခံပြေး တင့်လွင် ဆိုသူ၏ နေအိမ်အား ချိတ်ပိတ်သိမ်းဆည်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကန့်ဘလူမြို့မှ NLD, PDF အကြမ်းဖက်သမား တရားခံပြေး တင့်လွင် ဆိုသူ၏ နေအိမ်အား ချိတ်ပိတ်သိမ်းဆည်း




ကန့်ဘလူ၊ နိုဝင်ဘာ ၅

တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဆူပူအကြမ်းဖက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည့် NLD, PDF အကြမ်းဖက်သမားများနှင့် ၎င်းတို့အား ထောက်ပံ့သူများ၊ တည်းခိုနေထိုင်ခွင့် (ငှားရမ်းအသုံးပြုခွင့်) ပြုထားသူများ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ နေအိမ် ပိုင်ဆိုင်မှုများ နိုင်ငံတော်ပိုင်သိမ်းဆည်းခံရမည်ဖြစ်ကြောင်း အစိုးရမှ ကြေညာခဲ့ပြီး ယခုလအစောပိုင်းတွင် အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့ပေးနေသူများ၏ နေအိမ်ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းမှုများ စတင်ဆောင်ရွက်ခဲ့သည်။


ကန့်ဘလူမြို့နယ်မှ NLD, PDF အကြမ်းဖက်သမား တရားခံပြေး တင့်လွင်၏ နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။


ဆူပူအကြမ်းဖက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများကို NLD လွှတ်တော်အမတ်များက ဦးဆောင်စေခိုင်းနေခြင်းဖြစ်ပြီး ရန်ကုန်မြို့ပေါ်တွင် NLDအမတ်ဟောင်း ဇေယျာသော်က ဦးဆောင်၍ လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်ခဲ့ရာ ၁၀ဦးထက်မနည်း သေဆုံးခဲ့ရသည်။


NLD, PDF အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့ဝန်ထမ်း ၁၃၆၀ အထိ သေဆုံးခဲ့ရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)