ကြို့ပင်ကောက်၊ နိုဝင်ဘာ ၃
ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၇၁)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂) ကျောင်းတို့တွင် နိုဝင်ဘာလ ၁ ရက်နေ့က တက်ရောက် ပညာသင်ကြားသော ကျောင်းသား (၂၆၂၇)ဦးရှိကြောင်း ယခု ၃ ရက်မြောက်နေ့တွင် ကျောင်းတက်သူ ကျောင်းသာဦးရေ (၅၂၉၅)ဦးရှိ၍ (၂၆၆၈)ဦး တိုးလာကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပထမတစ်ရက်နှစ်ရက်ကတော့ ကျောင်းတွေရဲ့ အခြေအနေလေးတွေ သတိထားစောင့်ကြည့်တော့ အေးအေးချမ်းချမ်း ပညာသင်ကြားနိုင်မယ်လို့ ယုံကြည်လို့ အခုသုံရက်မြောက်နေ့မှာ ကျွန်တော့်ရဲ့သားကို ကျောင်းစပို့ဖြစ်ပါတယ် ကျန်းမာရေးအတွက်လည်း အိမ်ကနေပြီး ပြည့်ပြည့်စုံစုံနဲ့ ဆောင်ရွက်ပေး လိုက်ပါတယ် ကလေးတွေက ဖုန်းသုံးတာများလာလို့ အခုကျောင်းတွေဖွင့်တော့ ဖုန်းသုံးချိန်ကို တဖြည်းဖြည်း လျော့ပြီး ကျောင်းစာတွေကို မိဘနဲ့အတူတူ လုပ်ခိုင်းရတော့မှာပါ ဟု ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
အခြေခံပညာကျောင်းများတွင် နံနက် ၇ နာရီခွဲမှ မွန်းလွဲ ၁၂ နာရီခွဲအချိန်အထိ ကလေးတွေ အချင်းချင်း ထိတွေ့မှုနည်းအောင် မနက်ပိုင်းသာ သင်ကြား ပေးသွားရန် စီစဉ်ထားကြောင်း နောက်ပိုင်း ကျန်းမာရေး ကိစ္စတွေ စိတ်ချရပြီဆိုတာနဲ့ ယခင်ကျောင်းခေါ်ချိန်များအတိုင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာ ကျောင်းအုပ်ဆရာကြီး တစ်ဦးထံမှ သိရသည်။
သတင်း - ဇေယျာထွန်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment