တောင်တွင်းကြီးမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ကျောင်းသား/သူ(၁၂၃၅၂)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်တွင်းကြီးမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ကျောင်းသား/သူ(၁၂၃၅၂)ဦးတို့ကို ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး


တောင်တွင်းကြီး၊ နိုဝင်ဘာ   ၁၉

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးအသက် ၁၂ နှစ်အထက်ရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့ နံနက်(၈)နာရီမှစတင်၍ မြို့နယ်အတွင်းရှိ အ-ထ-က ကျောင်းဆေးထိုးစုရပ်(၁၀)ခုတို့တွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ နိုင်ငံတော်၏ အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် အခြေခံပညာ အလယ်တန်း၊ အထက်တန်း ကျောင်းတို့တွင် ပညာသင်ယူလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည်လည်း ဦးစားပေးအုပ်စုများတွင်ပါဝင်ကာ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့် လှစ်သင်ကြားလျက်ရှိသဖြင့် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ အသက် ၁၂ နှစ်အထက်ရှိသူ ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူ အသက် ၁၂ နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂၃၅၂) ဦးတို့အား ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရူစစ်ဆေးကာ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)