မိုးမောက်မြို့တွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသား/သူ များအား ကိုဗစ်−၁၉ ကာကွယ်ဆေး(Sinovac) ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးမောက်မြို့တွင် အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ်အောက် အခြေခံပညာကျောင်းသား/သူ များအား ကိုဗစ်−၁၉ ကာကွယ်ဆေး(Sinovac) ထိုးနှံပေး



မိုးမောက်၊ နိုဝင်ဘာ   ၁၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ အသက်(၁၂)နှစ်နှင့် အသက်(၁၈)နှစ် အောက် အခြေခံပညာကျောင်းသား ကျောင်းသူများအား ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး (Sinovac)ကို ယနေ့ နံနက် ၉ နာရီခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ (၃၀၀)ဦးအား ဒုတိယအသုတ် ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့ကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝေလင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီအသင်းနှင့် တာဝန်ရှိသူများက ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)