ကာလိ၊ နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လွိုင်လင်ခရိုင် ၊ ကာလိမြို့အတွင်း ဈေးဆိုင်များ ရောင်းဝယ်နေကြ သည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ စစ်ဆေးပေးခြင်းနှင့် မြို့အတွင်း ဝင်ထွက်သွားလာနေကြသည့် ပြည်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးခြင်းတို့ကို ယနေ့ နံနက် (၉)နာရီ အချိန်ခန့်တွင် ဌာနဆိုင်ရာများနှင့် သက်ဆိုင် ရာ တာဝန်ရှိသူများတို့က ပူးပေါင်းပြီး လှည့်လည်ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါဆောင်ရွက်မှုတွင် ကာလိမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု လျော့နည်း ကျဆင်းစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းမှ အမြန်ဆုံးဖြတ်တောက်နိုင်စေရန် ရည်ရွယ်၍ ကာလိမြို့အတွင်း ဝင်ထွက်သွားလာနေကြသည့် ပြည်သူများအား နှာခေါင်းစည်း (Mask) တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့စစ်ဆေးပေးခြင်း ၊ ဆိုင်ကယ်ဦးထုပ် ဆောင်းခြင်းမရှိပါက ယာဉ်စည်းကမ်း လမ်း စည်းကမ်း အသိပညာပေးခြင်းများတို့ကို ကာလိမြို့ ပြည်ထောင်စုလမ်းမကြီး၌ ဆောင်ရွက် ခဲ့သည်။
ဆက်လက်၍ ကာလိမြို့မဈေးနှင့် မြို့အတွင်းရောင်းချနေကြသည့် စားသောက်ဆိုင်များ ၊ ကုန်စုံဆိုင်များ ၊ အလှကုန်ဆိုင် ၊ လက်ဘက်ရည်ဆိုင်များ ၊ အဝတ်အထည်ဆိုင် အစရှိသည့် ဆိုင်များမှ ပြည်သူများအား ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ကာလိနယ်မြေစခန်းမှူး ရဲအုပ်လှဟန် ၊ စည်ပင်သာယာရေး ဌာနမှ ဦးစီးမှူး ဦးခင်ဇော်ဦး ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးအောင်သူ ၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ ၊ ကာလိနယ်မြေဒေသ ဆိုင်ရာ အဖွဲ့အစည်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ တို့က အဖွဲ့(၃)ဖွဲ့ခွဲကာ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့် အခမဲ့ လှည့်လည်ကွင်းဆင်း စစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။
သတင်း - ဝင်းကျော်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment