မိုင်းယောင်း၊ နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးလျက်ရှိ ယမန်နေ့တွင် ကျောင်းသား၊ကျောင်းသူ ၄၆၈ ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
ထိုသို့ ထိုးနှံရာတွင် အသက် ၁၂ နှစ်မှ ၁၈နှစ် အတွင်းရှိ ကျောင်းသား ၂၁၉၊ ကျောင်းသူ ၂၄၉ တို့အား ကိုဗစ်-၁၉ ကာကွယ် ဆေး(Sinovac)များ ပထမအကြိမ်အဖြစ် ထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။
သတင်း - စိုင်းအောင်ဇော်လင်း
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment