ကျောက်ဖြူ၊ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသည့် ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ဒုတိယအသုတ်(ဒုတိယ)အကြိမ်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အစိုးရ ရပ်ကွက်ရှိ ရမ္မာဝတီခန်းမဆောင်တွင် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် အသက် ၁၈ နှစ်အထက် ရှိသူများ၊ ရဟန်းသံ ဃာတော်များ၊ ဘိုး/ဘွားများ၊နှင့် ဦးစားပေးအုပ်စုတွင် ပါဝင်သူများကို သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများက စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်း၊ ကျန်းမာရေး ဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်း တာပေးခြင်းတို့ကို စနစ်တကျ ဆောင်ရွက်ပေးပြီး ပုံမှန်အခြေအနေရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးသည်။
ကျောက်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား သတ်မှတ်စုရပ် နေရာအသီးသီး၌ ထိုးနှံ ပေးလျက်ရှိရာ နိုဝင်ဘာလ ၉ ရက်နေ့အထိ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသူ ၁၆၀၆၂ ဦးထိရှိနေပြီဖြစ်ပြီး ဆေးထိုးရန် ကျန်ရှိနေသူများကိုလည်း ဦးစားပေးအုပ်စုအလိုက် ဆက်လက် ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေး ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တင်အောင်ကျော်နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုပြီး အားပေး စကားများ ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - တင်ထွန်းဦး(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment