မာန်အောင်၊ နိုဝင်ဘာ ၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများအား ကိုဗစ်-၁၉ရောဂါကြောင့် ခေတ္တယာယီ ပိတ်ထားခဲ့ရာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ရာ ကျောင်းသား/သူများ အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
မာန်အောင်မြို့နယ်၌ အခြေခံပညာ အထက်တန်းကျောင်း (၇)ကျောင်း၊ အထက(ခွဲ)(၆)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း(၇)ကျောင်း၊ အလက(ခွဲ)(၄)ကျောင်း၊ မူလွန်ကျောင်း (၁၅)ကျောင်း၊ မူလတန်းကျောင်း(၇၈)ကျောင်း၊ အမက(ခွဲ)(၁)ကျောင်း၊ စုစုပေါင်း (၁၈၈)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁)ကျောင်းရှိပြီး အခြေခံပညာ ကျောင်းများ၌ အထက်တန်းအဆင့် (ကျား) ၄၆၃ ဦး၊ (မ) ၅၈၂ ဦး၊ အလယ်တန်းအဆင့် (ကျား) ၁၄၇၂ ဦး၊ (မ) ၁၅၆၇ ဦး၊ မူလတန်းအဆင့် (ကျား) ၂၅၀၀ ဦး၊ (မ) ၂၄၂၈ ဦး၊ စုစုပေါင်း (၉၀၁၂) ဦးရှိပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျောင်းသား/သူများက အေးချမ်းစွာ ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
သတင်း - သိန်းဖေ(ပြန်/ဆက်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment