ကျောက်တလုံးကြီးမြို့၊ဆောင်းဖိုးကျေးရွာ၌အသက်(၄၅)နှစ်နှင့်အထက်ပြည်သူများနှင့်ဦးတည်အုပ်စု အလိုက်ပထမအကြိမ်ကိုCovid-19ရောဂါ ကာကွယ်ဆေးထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တလုံးကြီးမြို့၊ဆောင်းဖိုးကျေးရွာ၌အသက်(၄၅)နှစ်နှင့်အထက်ပြည်သူများနှင့်ဦးတည်အုပ်စု အလိုက်ပထမအကြိမ်ကိုCovid-19ရောဂါ ကာကွယ်ဆေးထိုးနှံပေး

        

        

ကျောက်တလုံးကြီး၊ နိုဝင်ဘာ   ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျောက်တလုံးကြီးမြို့၊ ဆောင်းဖိုးကျေးရွာ၌အသက်(၄၅)နှစ်နှင့်အထက် ပြည်သူများနှင့်ဦးတည်အုပ်စုအလိုက်ပြည်သူများအား ပထမအကြိမ် Covid-19 ရောဂါကာကွယ်ဆေး (Sinopharm)ကိုယမန်နေ့နံနက်၉ရီမှ စတင်၍ဆောင်းဖိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခြင်းဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ဦးခွန်သူရအောင်နှင့် ကျောက်တလုံးကြီးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးဦးစောချမ်းတို့၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကက္ကူကျေးရွာ အုပ်စုနှင့်နောင်ခဲကျေးရွာမှအသက်(၄၅)နှစ်နှင့်အထက်မိဘပြည်သူများ၊ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေ သေးသည့်သံဃာတော်များ၊မသန်မစွမ်းသူများ၊ နာတာရှည်နှင့်မကူးစက်နိုင်သည့်ရောဂါရှိသူများ၊ ဦးတည် အုပ်စုအလိုက် ပြည်သူများအား ကျောက်တလုံးကြီးမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေး ဝန်ထမ်းနှင့် ဟမ်းဆီးကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများတို့က Covid-19ရောဂါ ကာကွယ် ဆေးထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ကျောက်တလုံးကြီးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်း ပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။    

သတင်း - မြဝင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)