COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်




 (၃၀-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ

 ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။


COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့် သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၉-၁၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃၀-၁၁-၂၀၂၁) ရက် နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂၁,၉၀၇) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအ တည်ပြုလူနာသစ် (၄၇၁) ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၂.၁၅) ရာခိုင်နှုန်းရှိပါသည်။


သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၈၃,၉၀၈) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၅၂၂,၄၀၂) ဦး ရှိပြီ ဖြစ်ပါသည်။


ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၅၈၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၉၇,၂၄၉)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီးဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၇)ဦး ရှိသဖြင့် ယနေ့ အထိ သေဆုံးသူစုစုပေါင်း (၁၉,၁၀၄) ဦး ရှိပါသည်။


ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အားတက်သရော ကြိုးပမ်းဆောင်ရွက်မှု၊ ပြည်သူ လူထုမှ စနစ်တကျ စည်းကမ်းလိုက်နာမှု၊ ဌာနဆိုင်ရာအသီးသီးမှ ဟန်ချက်ညီ ပူးပေါင်း ဆောင်ရွက်မှုနှင့် လူမှုရေးအသင်းအဖွဲ့ အစည်းများမှ တက်ကြွစွာ ပံ့ပိုးပူးပေါင်းဆောင်ရွက်မှု တို့ကြောင့် ရောဂါစောင့်ကြပ်ကြည့် ရှုရေး ဆိုင်ရာ ရက်သတ္တပတ်အလိုက် သုံးသပ်ချက်များအရ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုရာ ခိုင်နှုန်းတို့မှာ တဖြည်းဖြည်းလျော့ နည်း ကျဆင်းလာခဲ့ပြီး ရောဂါပိုးတွေ့ရှိမှုနှုန်းမှာ လွန်ခဲ့သော (၁၂) ရက်ဆက်တိုက် (၃) ရာခိုင်နှုန်းအောက်အထိ လျော့နည်းကျဆင်းလာခဲ့ကြောင်း တွေ့ရှိရပါသည်။


ယခုဖြစ်ပွားနေဆဲဖြစ်သည့် တတိယလှိုင်းကာလအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမြင့်မား ခဲ့သောမြို့နယ် (၁၁၉) မြို့နယ်အား နေအိမ်တွင်နေထိုင်ရေး အစီအစဉ် (Stay at home) သတ်မှတ်ဆောင်ရွက်၍ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခဲ့ရာတွင် လူနာသစ်တွေ့ရှိရမှုနှင့် ပိုးတွေ့ရှိနှုန်း လျော့နည်းကျဆင်းလာ သော မြို့နယ်များအား (Stay at home) မြို့နယ်အဖြစ်မှ ဖြေလျှော့ပေးလျက်ရှိရာ ယနေ့ အထိ နေအိမ်တွင် နေထိုင်ရေးအစီအစဉ်တွင် ဆက်လက်အကျုံးဝင်နေသည့် မြို့နယ် (၁၁) မြို့နယ်သာ ကျန်ရှိပါသည်။


ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်ခဲ့သည့်  လူမှုစီးပွားလုပ်ငန်းများ အမြန်ဆုံး ပုံမှန်ပြန်လည် လည်ပတ်နိုင် ရန်အတွက် ဖြေလျှော့မှုများ ဆောင်ရွက်ပေးလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်လည်မြင့်တက်လာနိုင်သည့် အခြေအနေကို သတိပြုကာကွယ်ရမည် ဖြစ်ပါ သည်။


သို့ဖြစ်ပါ၍ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home) တွင် ဆက်လက်ပါဝင်သည့် မြို့နယ်များတွင် နေထိုင်သူများအနေဖြင့်လည်းကောင်း၊ နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at home)တွင် ဆက်လက်ပါဝင်ခြင်းမရှိတော့သည့် မြို့နယ်များတွင်လည်းကောင်း၊ နေအိမ်တွင် နေထိုင်ရေးအစီအစဉ် (Stay at home)တွင် ပါဝင်ခဲ့ခြင်းမရှိခဲ့သည့် မြို့နယ်များ တွင်လည်းကောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများကို ဆက်လက်၍ သတိပြု လိုက်နာဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက် မကွက်ခံယူခြင်းနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)