Defacto တဲ့လား - Myanmar National Post

Myanmar National Post

News Agency

Breaking

Defacto တဲ့လား



ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ မတ်လ ၂ ရက်နေ့က ဗိုလ်ချုပ်ကြီး နေဝင်းဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ အာဏာသိမ်းခဲ့ပါတယ်။ ယခင်အစိုးရ အာဏာပိုင်အချို့ ဖမ်းဆီးခံရတယ်၊ သမ္မတ စပ်ရွှေသိုက်ရဲ့ သားက လက်နက်နဲ့ခုခံလို့ ပစ်ခတ်ရင်းသေ ဆုံးခဲ့ပါတယ်။ ကျင့်သုံးနေတဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ ပျက်ပြယ်သွားပါတယ်။


၁၉၈၈ စက်တင်္ဘာ ၁၈ ရက်နေ့မှာ နဝတ က အာဏာသိမ်းပါတယ်၊ ယခင်လူကြီးတွေ တစ်ယောက်မှ ဖမ်းဆီးတာ ထိန်းသိမ်းတာ မရှိပါဘူး။ ဘယ်ရှိမလဲဗျာ။ ညှိပီးမှ အာဏာသိမ်းတာပဲ။ ဒါပေမယ် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကတော့ ပျက်ပြယ်သွားပါတယ်။


၂၀၂၁ ခုနှစ် ဖေ ၁ ရက်နေ့က တပ်မတော်က အာဏာရယူလိုက်ပါတယ်။ အဲဒီမှာ အာဏာကို သိမ်းတာလား? ထိန်းတာလား? ဆိုတဲ့ ဝိဝါဒတွေ ကွဲပြားလာပါသဗျ။


တကယ်တော့ ၂၀၀၈ အခြေခံဥပဒေရေးဆွဲတဲ့ အချိန်မှာကတည်းက တပ်မတော်က အာဏာသိမ်းတယ်ဆိုမျိုး မဖြစ်ရလေအောင် ပုဒ်မတွေ ထည့်သွင်းရေးဆွဲခဲ့ပါတယ်။ လွှတ်တော်မှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာနှုန်းပါဝင်တာကလည်း ဒီအ ရေးတွေအတွက် ထည့်သွင်းခဲ့တာပါ။


အလားတူ ပုဒ်မ ၄၁၇ မှာ နိုင်ငံတော်အချုပ်အခြာအာဏာကို အဓမ္မရယူရင် အရေးပေါ်အခြေအနေ ပြဋ္ဌာန်းရမယ်ဆိုတာ အတိအလင်းပါပြီး ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ NLD က မဲစာရင်း၁၁ သန်း ကျော် လိမ်လည်တာကို ရှင်းပေးဖို့ တင်ပြ ပါလျက် မသိကျိုးကျွံပြုပြီး အာဏာကို ဖြတ်လမ်းနည်းနဲ့ ရယူဖို့ ပြင်ဆင်ကြိုးစားလာတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ ဆောင်ရွက်တာဟာ ဥပဒေနဲ့ ညီညွတ်ပါတယ်။


နောက်ပြီး ၆၂ နဲ့ ၈၈ တုန်းကလို တည်ဆဲ အခြေခံဥပဒေက ပျက်မသွားပါဘူး။ ဒါကြောင့် တော်လှန်ရေးကောင်စီနဲ့ နဝတတို့ က Defacto Government ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ နစက အစိုးရကတော့ ၂၀၀၈ အခြေခံဥပဒေပါ ပုဒ်မ ၄၁၇ အရ ဆောင်ရွက်ခြင်းဖြစ်လို့ ဥပဒေနဲ့ ညီပါတယ်၊ ၂၀၀၈ အခြေခံဥပဒေကိုလည်း ဆက်လက်ကျင့်သုံးလျက်ရှိပြီး ပျက်ပြယ်မသွားပါဘူး။


ဒါ့ပြင် ယခင်အစိုးရတာဝန်ရှိသူတွေကို နိုင်ငံရေးပြစ်မှုနဲ့ အရေးယူတာ မရှိပါဘူး။ Corruption အပါအဝင် တစ်ခြားဥပဒေ ချိုးဖောက်မှုတွေနဲ့ အရေးယူတာပဲ ရှိပါတယ်။


ဒါကြောင့် နစက အစိုးရဟာ Defacto Government မဟုတ်ပါဘူး။ ဥပဒေနဲ့ ညီညွတ်တဲ့ Dejure Government သာလျင် ဖြစ်ပါတယ်။


နိုင်ငံအချို့က Dejure Government ဖြစ်မှန်းသိသိကြီးနဲ့ နိုင်ငံရေးသွပ်သွင်းပြီး UN နဲ့ Asean တို့မှာ နှိမ့်ချ ဆက်ဆံတာဟာ သူတို့ရဲ့ နိုင်ငံရေးစံနှုန်းတွေ နိမ့်ကျမှုကို ပြသတာပါပဲ။


ဘာပဲဖြစ်ဖြစ် ပြည့်အင်အားဟာ ပြည်တွင်းမှာပဲ ရှိတာဖြစ်လို့ တည်ငြိမ်အေးချမ်းမှုနဲ့အတူ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးတွေ Normalcy အခြေအနေ အမြန်ရောက်အောင် ပြည်သူ့အားကိုရယူ ကြိုးပမ်းနိုင်ပါ စေကြောင်း Dejure Government ဖြစ်တဲ့ နစက အစိုးရကြီးသို့ တင်ပြလိုက်ရပါကြောင်း။


ဦးမောင်မြင့် ၏ ရေးသားဖော်ပြချက်အား ကူးယူဖော်ပြပေးခြင်းဖြစ်ပါသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)