ဖာပွန်၊ နိုဝင်ဘာ ၈
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ရပ်ကွက်များနှင့် အနောက်ဘက်ကမ်းကျေးရွာတွင် နိုဝက်ဘာလ (၇)ရက် နံက်(၁၀:၄၀)နာရီအချိန်ခန့်၌ နယ်မြေခံစစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၅)သို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ဖာပွန်မြို့တွင်ရေကင်းစောင့်နေသောစတပ်သားနှစ်ဦးအားKNUဘက်မှလာရောက်ပစ်ခတ်မှုဖြစ်ပွားရာတစ်ဦးမှာစိုးရိမ်ရပြီးကျန်တစ်ဦးမှာလည်ပင်းအားရှပ်ထိသွားပြီးအပြန်အလှန်ပစ်ခတ်လျက်ရှိကြောင်း ကိုတင်ဝင်း( အမည်လွဲ) ကဆိုသည်။
လက်ရှိအချိန်တွင်ဒေသခံများမှာ လုံခြုံစိတ်ချရသည့်နေရာများ၌နေထိုင်နေကြရကြောင်းသိရသည်။အဆိုပါဒေသတွင် မကြာခဏဆိုဆိုသလို လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသည်အဖွဲများအားKNU သောင်းကျန်းသူအဖွဲ့ကလာရောက်ပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံများကဆိုသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment