ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်ဆင်သူများအား မိုဘိုင်းစနစ်ဖြင့် ရှောင်တခင်စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်ဆင်သူများအား မိုဘိုင်းစနစ်ဖြင့် ရှောင်တခင်စစ်ဆေး



မဘိမ်း၊ နိုဝင်ဘာ   ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့် ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် နေအိမ်အပြင်ထွက် သွားလာနေကြသောပြည်သူများ ပါးစပ်နှင့်နှာခေါင်းစည်း Mask မတပ်ဆင်များအား မိုဘိုင်းစနစ်ဖြင့် ရှောင်တခင်စစ်ဆေးခြင်းကို ယမန်နေ့ညနေ ၄ နာရီအချိန်က ကုန်းခါးရပ်ကွက်၊ လမ်းဆုံပန်းခြံ၌ စစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းသူဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များက မြို့နယ် အတွင်းသို့ သွားလာနေကြသော ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်း Mask များကို စနစ် တကျတပ်ဆင်သွားလာကြရန်နှင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေးဆိုရာ အသိပညာပေးလုပ်ငန်များကို တိတိကျကျ လိုက်နာ ဆောင်ရွက်သွားကြရန်နှင့် ပြည်သူများမှလည်း ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရန်စသည့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးမင်း (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)