ဝမ်းတွင်း၊ နိုဝင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ဝမ်းတွင်းမြို့ သဲတောလေးကျေးရွာ ရှိသာသနာပြု လုပ်ငန်းများဆောင်ရွက် နေသော ဆရာတော် ဦးသောမဏ ကို NLD အစွန်းရောက် PDF အမည်ခံ အဖွဲ့မှ ယမန်နေ့ နံနက် ၁၁နာရီခွဲ ခန့်တွင် ဘုန်းကြီး ကျောင်းပေါ်သို့ တက်လာပြီး သေနတ်နှင့် ပစ်ခတ်သတ်ဖြတ်သွား ခဲ့ကြောင်း သတင်းရရှိသည်။
ဆရာတော်သည် အနီလည်းမဟုတ် အစိမ်းလည်းမဟုတ် စစ်တပ် နှင့်လည်း အပ်စပ်သူ မဟုတ်ပဲ ဘာသာအကျိုးသာသနာ အကျိုး ဘုရားတည်ခြင်း ကျောင်းဆောက်ခြင်း ဆောင်ရွက် နေ သော ဆရာတော် ဖြစ် ကြောင်းဒေသခံများက ဆိုသည်။
NLD တို့၏ အစွန်းရောက် အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်မှု ကြောင့် ဆရာတော်သည် ယင်နေ့ ၁၁ နာရီခွဲခန့် တွင် ပျံလွန် တော် မူသွားခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အလားတူဝမ်းတွင်းမြို့နယ်၊ ညောင်ကားယားကျေးရွာ၊ မူလတန်းပြကျောင်းအုပ်ဆရာမကြီးနှင့် ၎င်း၏ အမျိုးသားဖြစ်သူအားPDF အကြမ်းဖက်သမားများကအဆိုပါနေ့ရက်၌ လုပ်ကြံခံခဲ့ရပြီး ဆရာမကြီးမှာ ပွဲချင်းပြီး သေဆုံးခဲ့သလို ၎င်း၏ အမျိုးသားဖြစ်သူ သည် စိုးရိမ်ရဒဏ်ရာရရှိထားတယ်လို ဒေသခံများပြောဆိုချက်အရ သိရပါတယ်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment