ရေကြည်၊ နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရန်ကုန်ရုံးချုပ်နှင့် DAHW တို့၏ ကူညီပံပိုးမှုဖြင့် ရွှေမင်းသားဖောင်ဒေးရှင်း (မြန်မာ) ရေကြည်မြို့နယ်ရုံးခွဲမှ မသန်စွမ်းအိမ်ထောင်စု (၃၀)စုစာအတွက် ယနေ့နံနက် ၈ နာရီအချိန်မှစတင်ကာ ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရေကြည်မြို့နယ် ရုံးခွဲ တာဝန်ခံဦးမင်းဇော်ဦးနှင့်အဖွဲမှ ရေကြည်မြို့နယ် အသုတ်မြို့ရပ်ကွက်များနှင့် ကျေးရွာများရှိ မသန်စွမ်းသူများကို အခြေခံစာနပ်ရိက္ခာ ဆန် ၊ ဆီ ၊ဆား၊ကြက်ဥ ၊ကုလားပဲ ၊ အာလူးနှင့်ငါးခြောက် ပစ္စည်း ၇ မျိုးကို မသန်စွမ်းသူများနေထိုင်ရာ နေအိမ်များသို့ အိမ်တိုင်ယာရောက်ထောက်ပံ့ပေးအပ်ပေးခဲ့ကြောင်း သတင်းသိရှိရသည်။
သတင်း - ဆန်းတင့်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment