ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အလုပ်သမားများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်ပလုပ်သားဈေးကွက် ခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အလုပ်သမားများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်ပလုပ်သားဈေးကွက် ခိုင်မာအားကောင်းလာစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် ပြောကြား

 


နေပြည်တော်၊ နိုဝင်ဘာ ၁၂

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် က အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ၁၉၉၉ ခုနှစ်၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ မြန်မာနိုင်ငံသားများ ပြည်ပသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ အပါအဝင် ပြည်ပ အလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ (၃၁၀) တို့မှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ယူအေအီးနိုင်ငံ၊ ကာတာနိုင်ငံနှင့် ဂျော်ဒန်နိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ စေလွှတ်ခွင့်ပြုပေးလျက်ရှိကြောင်း။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက တင်ပြသော Demand Letter များအား သက်ဆိုင်ရာနိုင်ငံ အလုပ်သမားသံအရာရှိများက စိစစ်ထောက်ခံချက်များ (သို့မဟုတ်) သက်ဆိုင်ရာနိုင်ငံ၊ မြန်မာသံရုံးများမှ Demand Letter မှန်ကန်မှု ရှိ/ မရှိ စိစစ်၍ မှန်ကန်ကြောင်း ပြန်ကြားစာရရှိပြီးသော Demand Letter များ၊ မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ ပညာရှင် ကျွမ်းကျင်လုပ်သားများအဖြစ် သွားရောက်အလုပ်လုပ်ကိုင်မည့် နိုင်ငံကူးလက်မှတ် (Passport for Job – PJ) ကိုင်ဆောင်ထားပြီး သက်ဆိုင်ရာနိုင်ငံ၊ အလုပ်ရှင်များမှ လုပ်သားခေါ်ယူသဖြင့် ပြည်ဝင်ခွင့် Visa ရရှိပြီးသူများ (Passport for Job – PJ) ကိုင်ဆောင်ထားပြီး အကြောင်းအမျိုးမျိုးကြောင့် အလုပ်ရှင်၏ ခွင့်ပြုချက်ဖြင့် မိခင်နိုင်ငံသို့ ခွင့်ဖြင့်ပြန်လာပြီး လုပ်ငန်းခွင်သို့ အချိန်မီပြန်လည် ဝင်ရောက်ရမည့်သူများ အထောက်အထား ပြည့်စုံစွာဖြင့် ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ်ပြား (OWIC) ပြုလုပ်ခွင့်နှင့် ပြည်ပနိုင်ငံများသို့ အလုပ်သမားစေလွှတ်ခွင့်ပြုရန် ဝန်ကြီးဌာနသို့ တင်ပြလာပါက ပြည်ပအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ အလုပ်သမားများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရေး၊ ပြည်ပလုပ်သားဈေးကွက် ခိုင်မာအားကောင်းလာစေရေး၊ လုံခြုံစိတ်ချရသော ရွှေ့ပြောင်းသွာလာမှုဖြစ်ပွားစေရေး၊ တရားဝင်လမ်းကြောင်းများ ခွင့်ပြုပေးပြီးသွားလာမှု လွယ်ကူမြန်ဆန်စေရေး၊ Visa သက်တမ်းကာလအတွင်း သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်နိုင်ရေးတို့အတွက် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ နိုင်ငံအလိုက် အလုပ်သမားများစေလွှတ်နေသည့် အေဂျင်စီ အစုအဖွဲ့များ၏ အဖွဲ့ခေါင်းဆောင်များနှင့် ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ ကိုယ်စားလှယ်များက လက်ရှိလုပ်ငန်းဆောင်ရွက်မှုအခြေ အနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ ဝန်ကြီးဌာနမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ် ချက်များအားတင်ပြရာ ဒုတိယဝန်ကြီး ဦးဝင်းရှိန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက် ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် အလုပ်သမား စေလွှတ်ရေး လုပ်ငန်းစဉ်များအား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားကြရန်နှင့်စေလွှတ်ရေး လုပ်ငန်းစဉ်များ ပြန်လည် ခွင့်ပြုပါက အလုပ်ရှင်၊ အလုပ်သမားပြဿနာများကို အချိန်နှင့်တပြေးညီ ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)