ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ပြောကြား




နေပြည်တော် နိုဝင်ဘာ ၁၂

မြန်မာနိုင်ငံသားများဖြစ်ကြသည့် တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများကို ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးရေး လုပ်ငန်း ဖြစ်သည့် ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ (၆) လပတ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂ ရက်၊ ၅ ရက်၊ ၉ ရက်နှင့် ၁၂ ရက်တို့တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ ကျင်းပသည်။


 အခမ်းအနားသို့ လူဝင်မှုကြီကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် တာဝန်ရှိသူများ  တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများသည် သက်ဆိုင်ရာဒေသအသီးသီးမှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ကြသည်။


အစည်းအဝေးတွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ရက်သတ်မှတ် ရှင်းလင်းတင်ပြကြရာတွင် နယ်မြေဒေသအလိုက် ပန်းခင်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု၊ တွေ့ကြုံရသည့် အခက်အခဲများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။


ယင်းသို့ ရှင်းလင်းတင်ပြချက်များအပေါ် ပန်းခင်းစီမံချက်လုပ်ငန်းဆိုင်ရာ ကော်မတီ အသီးသီးမှ တာဝန်ရှိသူများက ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်များ ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးမှုအခြေအနေများကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ၊ လက်ရှိဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်းဆိုင်ရာ အားနည်းချက်၊ အားသာချက်များကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ က ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ အနာဂတ်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် သတ်မှတ်ထားသည့် အချိန်ကာလအတွင်းပြီးစီးရမည့် လုပ်ငန်းပမာဏအတိုင်း မဖြစ်မနေ ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေအရ နယ်မြေဒေသ အသီးသီး၌ ကိုဗစ်-၁၉ ရောဂါကန့်သတ်ချက်များ၊ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်များ ရှိကြသော်လည်း ကန့်သတ်ချက်များ အခက်အခဲများကြားမှ ရည်မှန်းချက်အောင်မြင်အောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလမှ စတင်ခဲ့သည့် ပန်းခင်းစီမံချက်သည် ယခု (၆) လတာကာလ အတွင်း အခက်အခဲများကြားမှ အရွေ့တစ်ခုသို့ ရောက်ရှိသည်ကို တွေ့ရသော်လည်း ပြီးစီးရမည့် လုပ်ငန်းပမာဏထက် လျော့နည်းနေသေးသည့်အတွက် အရှိန်အဟုန်ဖြင့် ထပ်မံကြိုးပမ်းဆောင်ရွက် ကြရန်လို ကြောင်း။


 ပန်းခင်းစီမံချက်သည် နိုင်ငံတော်၏ စီမံချက်တစ်ခုဖြစ်သည်နှင့်အညီ သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့အစည်းများ၊ အခြားသော ဆက်စပ်ဌာနများ၏ ပံ့ပိုးကူညီမှုများအပြင် ပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီး /ပြည်နယ်ဦးစီးမှူးများသည် မိမိတို့၏ ဆောင်ရွက်ချက်တိုင်းကို ဝန်ကြီးဌာနထံ တင်ပြသကဲ့သို့ သက်ဆိုင်ရာ ဒေသအာဏာပိုင်များသို့လည်း အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက် ကြရန်လိုကြောင်း၊ သို့မှသာ လုပ်ငန်းလိုအပ်ချက်များကို အခြားဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း၌ အချိန်မီ ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် ပူးပေါင်းဆောင်ရွက်လာစေရေးအတွက် မီဒီယာလုပ်ငန်းဆောင်ရွက်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ကြရန် လိုကြောင်း။


ပန်းခင်းစီမံချက်ကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ရန်အတွက် အသစ်ခန့်အပ်ပေးထားသည့် ဝန်ထမ်းသစ်များကိုလည်း ထိုက်သင့်သည့် လုပ်ငန်းဆိုင်ရာ ရက်တိုသင်တန်းပေးခြင်း၊ ဌာနနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များကို ပံ့ပိုးကူညီပေးခြင်းဖြင့် လက်တွဲခေါ်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ အသိတူမှ အလုပ်တူမည်ဖြစ်သည့်အတွက် ဝန်ထမ်းအားလုံးသည် ပန်းခင်းစီမံချက်၏ အရေးကြီးမှုအပေါ် သိရှိနားလည်ကြပြီး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ရှင်းလင်းချပြ ကြပ်မတ်ဆောင်ရွက် ကြရန်လိုကြောင်း၊ ပန်းခင်းစီမံချက်အပြင် အခြားသော မိမိတို့ဌာန၏ ရည်မှန်းချက် လုပ်ငန်း တာဝန်များကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည် ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက် အရေးကြီးသည့် ပန်းခင်းစီမံချက်အား သတ်မှတ်ကာလအတွင်း လုပ်ငန်းပမာဏလျာထားချက် ဆောင်ရွက်ပြီးစီးနိုင်ရေးအတွက် ဝန်ထမ်းအားလုံး က စည်းလုံးညီညွတ်စွာဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)