ရန်ကုန်၊ နိုဝင်ဘာ ၁၂
NLDနှင့် ၈၈ မှ နိုင်ငံရေးဆူပူအကြမ်းဖက်လှုံ့ဆော်သူတို့က CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းများ ဖွဲ့စည်းကာ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ CRPH, NUG, PDF အကြမ်းဖက်သမားများသည် ဘာသာခြား၊ တိုင်းတပါးသားတို့၏ အထောက်အပံ့ကို ရယူ၍ သံဃာတော်များကိုပါ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်နေသည့်အပေါ် ပြည်သူများအနေဖြင့် အကြမ်းဖက်သမားများ၏ လုပ်ရပ်များအပေါ် လွန်စွာ ရွံမုန်းလာကြသည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဆုံးပါးခဲ့ရသည့် ဆရာတော်သံဃာတော်များစာရင်းကို ဥပဒေစိုးမိုးရေးလိုလားသူများက စုစည်းဖြန့်ဝေမှုများ ပြုလုပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဘာသာ သာသနာအပေါ် ရည်ရွယ်ချက်ရှိရှိစော်ကားနေသည့် အကြမ်းဖက်သမားများကို ဥပဒေနှင့်အညီ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်ရန် ဝေဖန်ပြောဆိုမှုများ မြင့်တက်လာခဲ့သည်။
NLD, PDF အစွန်းရောက် အကြမ်းဖက် ပြည်ဖျက်မိစ္ဆာ အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဘဒ္ဒန္တ ဉာဏိက ( ပုလဲမြို့နယ်၊ ကံကြီးရွာ)၊ (ယင်းမာပင်မြို့နယ်၊ ဆုံရွာ) မှ ဆရာတော်တစ်ပါး၊ (ဝနျးသိုမွို့နယ်၊ အလယ်ခုံရွာ)မှ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ နှင့်၂ပါး၊ ဘဒ္ဒန္တ တေဇိန္ဒ (မင်းကင်းမြို့နယ်၊ လောင်းပြည့်ရွာ)၊ (မင်းကင်းမြို့နယ် ကျောက်လွတ်ရွာ)မှ ဆရာတော်တစ်ပါး၊ ဘဒ္ဒန္တ ပညာဇောတ (ချင်းပြည်နယ်)၊ ဦးဉာနိန္ဒ ( အောင်ရတနာကျောင်း၊ ကလေးမြို့)၊ အရှင်ဃောသိတ (ရွှေစေတီသုံးဆူကျောင်း၊ ဘနောကျေးရွာ၊ အမရပူရမြို့နယ်)၊ (မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရသေ့တောင်ဆုတောင်းပြည့် ကျောင်းထိုင်ဘုန်းကြီး) ဦးတေဇိန္ဒ၊ (ယင်းမာပင်မြို့နယ်၊ ကပိုင်အုပ်စု၊ ကဗြူရွာ ကျောင်းထိုင်ဆရာတော်) ဦးသုမန၊ (ဝမ်းတွင်းမြို့နယ်၊ သဲတောလေးရွာ၊ ကျောင်းထိုင်ဆရာတော်) ဦးသောမန တို့မှာ ပျံလွန်တော် မူခဲ့ရသည်။
NLD ပါတီမှ ဖွဲ့စည်းသည့် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့များ ပေါ်ပေါက်လာပြီးနောက်ပိုင်း ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ ရဟန်းသံဃာတော်များ၊ ဆရာ/ဆရာမများ၊ ကလေးသူငယ်များ၊ ဝန်ထမ်းများ၊ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လုပ်ကြံသတ်ဖြတ်ခံရပြီး သေဆုံးခဲ့ရသူပေါင်း ၁၃၈၀ အထိ သေဆုံးခဲ့ရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment