ထန်တလန်မြိုအမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦ များအား PDF အကြမ်းဖက်အဖွဲက မီးရှိဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲဝင်များက ဒေသတွင်း လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထန်တလန်မြိုအမှတ်(၁)ရပ်ကွက်ရှိ နေအိမ်များနှင့် ဘာသာရေး အဆောက်အဦ များအား PDF အကြမ်းဖက်အဖွဲက မီးရှိဖျက်ဆီး၊ လုံခြုံရေးတပ်ဖွဲဝင်များက ဒေသတွင်း လုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ






နေပြည်တော်၊ နိုဝင်ဘာ  ၄

အကြမ်းဖက်အဖွဲဖြစ်သည့် NUG အဖွဲသည် မြန်မာနိုင်ငံအတွင်း အကြမ်းဖက် လုပ်ငန်းများကို စတင်ဆောင်ရွက်ရန် စက်တင်ဘာလ ၇ ရက်တွင် ကြေညာခဲ့ပြီး နောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အချိုဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ်များကို ဦးတည်လုပ်ဆောင် လျက်ရှိသည်။ ထိုသိုအကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာတွင် ဒေသခံ ပြည်သူလူထုအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကျန်းမာရေးကိစ္စရပ်များ အတွက် အလေးထားအသုံးပြုလျက်ရှိသော လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူလူထုအား စိုးရိမ်ထိတ်လန့်စေ၍ မြို၊ ရွာများတွင် မနေထိုင်ရဲစေရေး မြို၊ ရွာများအား မီးရှိဖျက်ဆီးခြင်းများအပြင် ဒလန်ဟုစွပ်စွဲ၍ သတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

ထိုအကြမ်းဖက်လုပ်ရပ်များအနက် NUG အကြမ်းဖက်အဖွဲ၏ ဩဇာခံ အဖွဲဖြစ်သော ဒေသခံ PDF အဖွဲသည် အောက်တိုဘာ ၂၄ ရက်တွင် ဟားခါးမြိုနှင့် ထန်တလန်မြိုအား ဆက်သွယ်ထားသည့် သီးမြစ်ချောင်းတံတားအား ဖောက်ခွဲ ဖျက်ဆီး၍ ဒေသအတွင်း လမ်းပန်းဆက်သွယ်မှု ပြတ်တောက်စေရန်နှင့် ဒေသအတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝ ပျက်ပြားစေရန် လုပ်ဆောင်ခဲ့သည်။ ၎င်းအပြင် အဆိုပါအကြမ်းဖက်အဖွဲသည် ၎င်းတို၏ ရည်ရွယ်ချက်ဖြစ်သော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ဉစ္စာကို ထိခိုက်ပျက်ပြားစေရန်အတွက် အောက် တိုဘာ ၂၉ ရက်တွင် ထန်တလန်မြိုအတွင်း လုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲဝင် များအား မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ၎င်းတို ဆုတ်ခွာရာနောက်သို လုံခြုံရေးတပ်ဖွဲဝင်များ လိုက်ပါတိုက်ခိုက်နိုင်မှု မရှိစေရေးအတွက် အမှတ်(၁)ရပ်ကွက်၊ ဘောလုံးကွင်းအနီးရှိ နေအိမ်များနှင့် မီးလောင်လွယ်သည့် ပစ္စည်းများကို စုပုံမီးရှိခြင်းများ လုပ်ဆောင်ခဲ့သည်။ အကြမ်းဖက်အဖွဲ၏ မီးရှိမှုကြောင့် လောင်ကျွမ်းလျက်ရှိသော နေအိမ်များအား လုံခြုံရေးတပ်ဖွဲဝင်များနှင့် တာဝန်သိပြည်သူအချိုတိုမှ မီးငြိှမ်းသတ်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း အကြမ်းဖက်အဖွဲဝင်များမှ နေအိမ်တိုက်တာများအတွင်း ခိုအောင်း၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ခဲ့သဖြင့် မီးငြှိမ်းသတ်နိုင်ခြင်း မရှိဘဲ မီးကူးစက်လောင်ကျွမ်းမှုကြောင့် ထန်တလန်မြိုပေါ်ရှိ ဘုရားရှိခိုးကျောင်း ၂ ကျောင်းနှင့်လူနေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးဆုံးရှုးခဲ့ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝကို ထိခိုက်ပျက်ပြားစေခဲ့သည်။ ဗ

အကြမ်းဖက်အဖွဲဖြစ်သည့် NUG အဖွဲသည် ၎င်းတို၏ မူလရည်ရွယ်ချက်ဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဉပဒေစိုးမိုးမှုကို ထိခိုက်ပျက်ပြားစေရန် လေလှိင်းမှတဆင့် မြှောက်ပင့်သွေးထိုး၍ ဝါဒဖြန့်ချိကာ နိုင်ငံတကာမှ ကူညီထောက်ပံ့ မှုများရရှိစေရန်နှင့် နိုင်ငံအပေါ်အထင်အမြင် လွဲမှားမှုများဖြစ်ပေါ်လာစေရန် လုပ်ဆောင် လျက်ရှိသည်။ ထိုသို အကြမ်းဖက်အဖွဲများ၏ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင် နေမှုများကြောင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရေးနှင့် တရားဉပဒေစိုးမိုးမှု ရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို လုံခြုံရေးတပ်ဖွဲဝင်များ အနေဖြင့် ထိရောက်စွာ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)