မက်မန်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းမှ ဒုတိယအကြိမ်ချေးငွေများထုတ်ချေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မက်မန်းမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းမှ ဒုတိယအကြိမ်ချေးငွေများထုတ်ချေး


မက်မန်း၊ နိုဝင်ဘာ   ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒုတိယအကြိမ် မြစိမ်းရောင်စီမံကိန်းဖြင့် ချေးငွေများထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုင်းညီဇော်လှအောင်က ဒုတိယအကြိမ် မြစိမ်းရောင် စီမံကိန်းဖြင့် ငွေထုတ်ချေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုဘဝပိုမိုဖွံ့ဖြိုးတိုးတက်အောင် ရေရှည်စီမံကိန်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး အဆိုပါမြစိမ်းရောင်စီမံကိန်းလုပ်ငန်းမှချေးငွေများကို အေးကျန့်ကျေးရွာအုပ်စု၊ ကွန်ဟောင်း ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ကိုင်သူ(၂)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ(၁၇)ဦး၊ အရောင်းအဝယ် လုပ်ကိုင်သူ(၁၄)ဦး၊ စုစုပေါင်း(၃၃)ဦး တို့အားရန်ပုံငွေကျပ် (၃၅၃၁၄၀၀၀/-)တိတိအား ထုတ်ချေးပေးခဲ့သည်။

အဆိုပါ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းကို မက်မန်းမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာန၊ ဦးတင်ဆူး ခေတ္တခရိုင်ဦးစီးမှူး၊ ဦးမိုင်းညီဇော်လှအောင် မြို့နယ်ဦးစီးမှူးတို့က ကျေးရွာများအထိ ကွင်းဆင်းထုတ်ချေးပေး လျက်ရှိကြောင်း သိရသည်။

သတင်း - သန်းမြတ်စိုး 


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)