ကျောက်ဆည်၊ နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် Sinopharm 5 Dose ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးရန်ကျန်ရှိသူများအား ယနေ့နံနက်(၉)နာရီခွဲက ဆေးထိုးစုရပ်များဖြစ် သည့် စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် ဖျောက်ဆိပ်ပင်၊ သံရွာ၊ မင်းစု၊ စမာ၊ ဒွေးလှ တိုက်နယ်ဆေးရုံ များတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါကာ ကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်း များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အတွင်းနေရာ(၆)နေရာခွဲပြီး စနစ်တကျ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို ဒုတိယအကြိမ်အဖြစ် သံဃာတော်နှင့်သီလရှင်(၁၃၅)ပါး၊ အစိုးရ ကျန်းမာရေးဝန်ထမ်း(၆)ဦး၊ ပုဂ္ဂလိက ကျန်းမားရေးဝန်ထမ်း(၁၄)ဦး၊ လူမှုရေးအဖွဲ့ဝင်(၁၄)ဦး၊ နိုင်ငံ့ဝန် ထမ်း(၄၃၅)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံဝန်ထမ်း (၂၈၆)ဦး၊ ပို့ဆောင်ရေးလုပ်ကိုင်နေသူ(၂၅၁)ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ကိုင်သူ (၁၄)ဦး၊ ပုဂ္ဂလိကဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန် လုပ်ကိုင်နေသူ(၆၃)ဦး၊ အချုပ်သား(၁)ဦး၊ ပုဂ္ဂလိကပညာရေး ဝန်ထမ်း(၁၁)ဦး၊ ပို့ကုန်/သွင်းကုန်နှင့် ကုန်ပစ္စည်းသိုလှောင်ရေးလုပ်ကိုင်သူ(၃၁)ဦး၊ အခြားဝင်ငွေရရှိသောလုပ်ငန်း လုပ်ကိုင်သည့် ပြည်သူ (၁၂၁၅၂)ဦး၊ စားသောက်ဆိုင်၊လက်ဖက်ရည်ဆိုင် ရောင်ချခြင်းလုပ်ငန်း လုပ်ကိုင်နေသူ(၅၈)ဦး၊ မှီခို ပြည်သူ(၅၉၈၁)ဦးနှင့် မသန်းစွမ်းသူ(၂၇)ဦး စုစုပေါင်း (၁၉၄၇၉)ဦး ထိုးနှံပေးပြီးကြောင်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သတင်း - သက်မောင်(ကျောက်ဆည်)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment