ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ကျေးရွာများသို့ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဟိုပန်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ကို ကျေးရွာများသို့ကွင်းဆင်း၍ ဆက်လက်ထိုးနှံပေးလျက်ရှိ

 


ဟိုပန်၊ နိုဝင်ဘာ  ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာအုပ်စုရှိ ကောင်းကော်၊ နောင်မို၊ နောင်အွန်၊ ပန်လော့၊ ဟိုပင်ကျိုင်း၊ ကောင်းဆန်းကျေးရွာ(၆)ရွာ နှင့် အမှတ်(၁၄၃) စသည့် နေရာ(၇) နေရာတွင် နေထိုင်ကြသည့် ဒေသခံပြည်သူများအား ယနေ့ နံနက် (၉) နာရီမှ စတင်၍  နောင်အွန်ကျေးရွာခန်းမ စုရပ်နေရာ၌ ကွင်းဆင်း၍  ဒုတိယအကြိမ်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် ဟိုပန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်းထိုက် ကြီးကြပ်၍ ကော်မတီအဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းအဖွဲ့များက  ဆေးလာရောက် ထိုးနှံသည့် ပြည်သူများကို  ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ခြင်း၊ စာရင်းအချက် အလက်များ ကောက်ယူခြင်း၊ ကိုယ်ပူချိန် တိုင်းတာခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပြီးချိန်တွင် ခေတ္တ အနားယူစေခြင်း စသည့် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုများကို ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဟိုပန်မြို့နယ်တွင်  ယနေ့အထိ ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပြီးသည့် အသက်(၁၈)နှစ်အထက် ဒေသခံ ပြည်သူ အမျိုးသား (၂၁၇၈) ဦး၊ အမျိုးသမီး(၂၁၉၂) ဦး စုစုပေါင်း ပြည်သူ (၄၃၇၀) ဦး တို့အား ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

သတင်း - ဇင်ဇင်(ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)