မဘိမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဘိမ်းမြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ဆက်လက်ထိုးနှံ


မဘိမ်း၊ နိုဝင်ဘာ  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ထိုးနှံပေးခြင်းကို  ယနေ့နံနက် ၉ နာရီအချိန်က မဘိမ်းမြို့၊  အခြေခံပညာ အထက်တန်းကျောင်း၊ မြသီတာခန်းမ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ပညာရေးဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းများက စာရင်းရေးသွင်းခြင်း၊ ကိုယ် အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် သွေးထဲ တွင်ရှိသည့် အောက်ဆီဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှ သာ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးကို စနစ်တကျထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေး ထိုးနှံပေးရာသို့ မြို့နယ်ပညာရေးမှူး ဒေါ်သန်းတင်နှင့် ပညာရေးဝန် ထမ်းများနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေး ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက် ရှိရာ ကာကွယ်ဆေးထိုးနှံပေးရာ တွင်အထက(မဘိမ်း)စုရပ်၌ ပထမအကြိမ်ကာကွယ်ဆေး လာရောက်ထိုးနှံသူကျောင်းသား၊ ‌ကျောင်းသူ(၂၂)ဦးနှင့် ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံသူ ကျောင်းသား၊ ‌ကျောင်းသူ (၂၈)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၅ဝ)ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း သတ်မှတ်စုရပ်နေရာများတွင် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - မျိုးမင်း (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)