သာစည်မြို့နယ်တွင် ယမန်နေ့ကအထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၅၆၉၅ ကတ် ဆောင်ရွက်နိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သာစည်မြို့နယ်တွင် ယမန်နေ့ကအထိ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ၅၆၉၅ ကတ် ဆောင်ရွက်နိုင်ခဲ့

 


သာစည်၊ ဒီဇင်ဘာ   ၉

မန္တလေးတိုင်းဒေသကြီး  သာစည်မြို့နယ်တွင် ယမန်နေ့အထိ  ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ် ၅၆၉၅ ကတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မွန်ထံက သိရသည်။ 

ပန်းခင်းစီမံချက်၏  ရည်မှန်းချက်ဖြစ်သော  နိုင်ငံသား၊  တိုင်းရင်းသားများနှင့် ဥပဒေအရ  နိုင်ငံသား များအား ဥပဒေနှင့် အညီ ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးအတွက် သာစည်မြို့နယ်တွင်    ပန်းခင်း စီမံချက်သတ်မှတ်ကာလ ၁၈ လအတွင်း လျာထားဦးရေ  ၁၇၁၃၅  ဦးရှိကြောင်း သိရသည်။  ပြည်သူများ ပန်းခင်းစီမံချက်ပါ လုပ်ငန်းများအကြောင်း ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး လိုအပ်သည်များ လာ‌ရောက် ဆောင်ရွက်နိုင်ရန် အသိပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ကာ  မြို့နယ် ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးခြင်းနှင့် ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးလျက်ရှိရာ ယမန့်နေ့ကအထိ အသက် ၁၆ နှစ်နှင့်    ၁၈  နှစ်ကြား ၃(က)   ၅၈၄  ဦး၊  အသက် ၁၈ နှစ်ပြည့်ပြီးသူ ၆(က)  ၅၁၁၁  ဦး  စုစုပေါင်း ၅၆၉၅ ဦးဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။

သာစည်မြို့နယ်တွင်  မြို့ပေါ် ၇ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၈၀ ရှိရာ  ကျေးရွာအုပ်စု ၂၆ အုပ်စု     ကွင်းဆင်း ဆောင်ရွက်ပြီး ကြောင်းသိရပြီး မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက် သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီရေး ကွင်းဆင်း ပေးခြင်းများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)