နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈၁၀ ဦး အား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးပြီးပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နမ္မတူမြို့နယ်၊ မန်စံကျေးရွာအုပ်စုအတွင်းရှိ အသက် (၁၈) နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈၁၀ ဦး အား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးပြီးပြီဖြစ်

နမ္မတူ၊ ဒီဇင်ဘာ   ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီအနေဖြင့် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းအချိန်မှစတင်ကာ အခြေခံပညာအထက်တန်းကျောင်း (မန်စံ) ၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် မန်စံကျေးရွာ အုပ်စု အတွင်းရှိ အသက် (၁၈)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူ ၈၁၀ ဦးအား ပထမအကြိမ် (Sinopharm) အမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မန်စံကျေးရွာ နယ်မြေခံမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများက  ဆေးထိုးရန် လာရောက်သည့် တိုင်းရင်းသားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ စာရင်းအချက်အလက်ကောက်ယူခြင်းနှင့် လိုအပ်သည်များကို ပူးပေါင်းကူညီ ဆောင်ရွက် ပေးခဲ့သည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိရာ ယမန်နေ့ ညနေပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၇၂၈ ဦး၊ ကျောင်းသား/ကျောင်းသူ ၆၀၂ ဦး၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၆၄၁၈ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၃၀၈ ဦး၊ စုစုပေါင်းကာကွယ်ဆေးထိုးနှံပြီးသည့် တိုင်းရင်းသား ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၂၀၅၆ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။

သတင်း - လူမော် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)