မိုင်းယောင်း၌ ကြက်ခြေနီအသင်းခွဲရုံးအတွက် ၂၄ နာရီ လျှပ်စစ်မီး လှူဒါန်းသဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်း၌ ကြက်ခြေနီအသင်းခွဲရုံးအတွက် ၂၄ နာရီ လျှပ်စစ်မီး လှူဒါန်းသဖြင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်


မိုင်းယောင်း၊ ဒီဇင်ဘာ  ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် လိုအပ်လျက်ရှိသော ၂၄ နာရီလျှပ်စစ်မီးကို ယနေ့ နံနက်ပိုင်းက မိုင်းယောင်း-မိုင်းယု ၂၄ နာရီ မီးလင်းရေးကုမ္ပဏီမှ တပ်ဆင်လှူဒါန်းခဲ့သဖြင့် ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးဝင်းမြတ်က ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးထံမှ သိရသည်။

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ ရှေ့တန်းနေရာမှ စွမ်းစွမ်းတမံ ပါဝင်ပူးပေါင်းဆောင်ရွက်နေသည့်အပြင် ဝေးလံခေါင်သီ၍ သွားလာရခက်ခဲသော တောင်ပေါ် တိုင်းရင်းသားကျေးရွာနေပြည်သူများအား နှာခေါင်းစည်း၊ လက်သန့်ဆေးရည်နှင့် ဆပ်ပြာခဲများ အခမဲ့ပေးဝေခြင်း၊ အသိပညာပေးဟောပြောခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် သွားရောက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - စိုင်းအောင်ဇော်လင်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)