မောင်တော၊ ဒီဇင်ဘာ ၉
ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌ ဒီဇင်ဘာ ၈ ရက် ညနေ(၂၃:၀၅) မိနစ် အချိန်ခန့်တွင် ရွှေဇား(အနောက်)ရွာနေ ထိုင်သူ တစ်ဦး၏ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား(၁၅၃)ပြားခန့်အား ဖမ်းဆီးရမိခဲ့ ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့် အတူ မူးယစ်ဆေးဝါး သတင်းအရ မောင်တောမြို့၊ ရွှေဇား(အနောက်)ရွာနေ ဇော်ကာအာမောက်(ကျား)၏ နေအိမ်အား ရှာဖွေဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ ၎င်းအားတွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းအသေးစိတ်ရှာဖွေရာ သေတ္တာပေါ်တွင် တင်ထားသည့် PREMIUM GOLD ဆေးလိပ်ဘူးခွံအတွင်းမှ အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြားဟုယူဆရသော WY/R စာတမ်းပါ လိမ္မော်ရောင် ဆေးပြား(၁၅၃)ပြား ၊ အလေးချိန်(၁၃.၇၇)ဂရမ်ခန့်(ကာလပေါက်ဈေး ဆေးပြား ၁ပြားလျှင် ၂၀၀၀ နှုန်းဖြင့်၊ ငွေကျပ် ၃၀၆၀၀၀ ကျပ်အား တွေ့ရှိသိမ်းဆည်းပြီး မူးယစ် ဆေးဝါးများ လက်ဝယ်တွေ့ရှိသူ မောင်တော မြို့၊ ရွှေဇား(အနောက်)ရွာနေ ဇော်ကာအာမောက်(ကျား) အသက်(၄၇)နှစ် ၊(ဘ)ဇော်ဟိတ်အာမက် (ဖမ်းဆီးရမိ)နှင့် ဆေးပြားများ ရောင်းချပေးသူ အီနုတ်(ကျား) အသက်(၃၃)နှစ် စေတီပြင် (အနောက်ရွာ) (ထွက်ပြေးတိမ်းရှောင်) တို နှစ်ဦး အား နယ်မြေစခန်း(ပြင်ဖြူ)တွင် မယ(ပ)၃၃/၂၀၂၁ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့်လှစ်ကာ တရား ဉပဒေ အရ အရေး ယူနိုင် ရေး စီစဉ် ဆောင်ရွက်လျှက်ရှိပြီး ကွင်းဆက် တရားခံ အား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
သတင်း - ဝေလ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment