ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲကျင်းပ

 


ကန်ကြီးထောင့်၊ ဒီဇင်ဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် လွတ်လပ်ရေးနေ့ အထိမ်း အမှတ်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား တိုက်နယ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက  မြို့မအားကစားကွင်း၌ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး နိုင်လင်းအောင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပုသိမ်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ခရိုင်အားကစားမှူး ဦးသိန်းဇံက ပြိုင်ပွဲတွင် အသုံးပြုမည့် ဘောလုံးများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်(၁)ထံသို့ ပေးအပ်ခဲ့ပြီး ဘောလုံးပြိုင်ပွဲသို့ တက်ရောက်လာသူ အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆို၍ မြို့နယ်စီမံ အုပ်ရေးအဖွဲ့ဥက္ကဋ္ဌအား အလေးပြုခဲ့ကြသည်။

၂၀၂၂ ခုနှစ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား မြို့နယ်အတွင်းရှိ တိုက်နယ် ၉ ခုမှ ပြိုင်ပွဲဝင် ဘောလုံးအသင်း ၉ သင်း ဝင်ရောက်ယဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စုပတ်လည် ပြိုင်ပွဲများအား ဒီဇင်ဘာလ ၈ ရက်နေ့မှ ၂၆ ရက်နေ့အထိနှင့် အကြိုဗိုလ်လုပွဲစဉ်အား ဒီဇင်ဘာ ၂၉ ရက်နေ့မှ ၃၀ ရက်နေ့အထိလည်းကောင်း၊ တတိယနေရာ လုပွဲနှင့်ဗိုလ်လုပွဲအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အဖွင့်ပွဲစဉ်အဖြစ် ကန်ကြီးထောင့်တိုက်နယ် ဘောလုံးအသင်းနှင့် ဘဲဂရက်တိုက်နယ်ဘောလုံး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ  ကန်ကြီးထောင့်တိုက်နယ်အသင်းက ဘဲဂရက်တိုက်နယ် အသင်းကို (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ကြောင်းသတင်းရရှိသည်။

သတင်း - လှမင်းထွဋ် (ပြန်/ဆက်)

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)