မိုင်းရယ်၊ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ဦးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ် အထက်ရှိသူများအား ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ ပြည်သူ့ဆေးရုံ၊ ခိုဆိုင်းကျေးရွာအုပ်စု၊ မိန်းဟိန်းကျေးလက် ကျန်းမာရေး ဌာနခွဲ၊ မိုင်းဟမန်မုံတိုက်နယ်ဆေးရုံ၊ မန်စန့်ကျေးလက်ကျန်းမာရေးဌာန၊ ဟိုယကျေးလက်ကျန်းမာရေး ဌာနခွဲတို့တွင် ပြည်သူ(၈၆၇) ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ဉီးတည်အုပ်စုများအလိုက် အသက်(၁၈)နှစ်အထက် ဒုတိယ အသုတ် ဒုတိယအကြိမ် လာရောက်ထိုးနှံသူ (၁၇၉)ဦး၊ တတိယအသုတ် ဒုတိယအကြိမ် လာရောက် ထိုးနှံသူ(၉၀)ဦးနှင့် စတုတ္ထအသုတ် ပထမအကြိမ် လာရောက်ထိုးနှံသူ (၅၉၈)ဦး စုစုပေါင်း (၈၆၇) ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဆေးထိုးနှံရန်ကျန်ရှိသူများအား ဆက်လက် ထိုးနှံပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် ပရဟိတ အသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။
သတင်း - ကျော်ဇင်ထိုက်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment