ပုလောမြို့နယ် ၊ပလောက်မြို့၊ ပြည်ခြားကျေးရွာတွင် မီးလောင်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလောမြို့နယ် ၊ပလောက်မြို့၊ ပြည်ခြားကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

  


ပလောက်၊ ဒီဇင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင် ၊ ပုလောမြို့နယ် ၊ ပလောက်မြို့ ၊ ပြည်ခြားကျေးရွာအုပ်စု၊ ပြည်ခြားကျေးရွာရှိ ဦးစောဝီလျှံ၏ နေအိမ်တွင် ယမန်နေ့နံနက်(၉)နာရီခွဲခန့်က အိမ်အနောက် မီးဖိုချောင် ထမင်းချက်ရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ၎င်း၏နေအိမ်နှင့်တိရစ္ဆာန်များ ဆုံးရှုံးခဲ့ပြီး မီးလောင်ရာသို့ ပလောက်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးဆောင်၍ သန္ဓေ တပ်ဖွဲ့ဝင် (၃) ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ကျေးရွာသူ/ကျေးရွာသား များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ ပလောက်နယ်မြေ ရဲစခန်းမှ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နှင်းမြူလွင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)