ပင်းတယ၊ ဒီဇင်ဘာ ၈
နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ လျော့ကျလာစေရေးအတွက် ပင်းတယမြို့နယ်၌ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိရာ မိမိတို့မြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ရှိ/ မရှိကို RDT Test Kit ဖြင့် စစ်ဆေး ဆောင်ရွက်ပေးနေမှုအား နေ့စဉ်ဆောင်ရွက်ပေးနေကြောင်းသိရသည်။ ပင်းတယ မြို့နယ်အတွင်း ယခုဒီဇင်ဘာပထမအပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိနှုန်းကျဆင်းလာကြောင်း သိရသည်။
ပင်းတယမြို့၌ ဆေးရုံသို့လာရောက်ပြသသည့် လူနာများ၊ မြို့ပေါ်ရှိ မြို့မဈေး၊ ယာယီပျံကျဈေးများအပြင် ကျေးရွာများရှိဈေးများသို့ပါ ကွင်းဆင်း၍ Mask များအခမဲ့ ဖြန့်ဝေခြင်း၊ အသိပညာ ပေးခြင်းနှင့် ရောဂါကူးစက်ပြန့်ပွားမှုရှိ/ မရှိအား RDT Test Kit စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးနေရာ ယခုဒီဇင်ဘာပထမအပတ်အတွင်း ရောဂါပိုး သံသယရှိသူဦးရေ စုစုပေါင်း (၂၈၄၃) ဦးအားစစ်ဆေးခဲ့ရာ လူဦးရေ (၂၀) ဦး၌သာ ပိုးတွေ့ရှိသည့်အတွက် ပိုးတွေ့နှုန်း ကျဆင်းလာကြောင်းသိရသည်။ ပင်းတယမြို့နယ်အတွင်း ယနေ့အထိပိုးတွေ့ အတည်ပြုလူနာ (၂၅၂၅) ဦး၊ ရောဂါသက်သာ ပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရှိသူ (၂၄၄၈)ဦး၊ လက်ရှိ ဆေးကုသ မှုခံယူနေဆဲဦးရေ (၃၅) သာ ကျန်ရှိကြောင်း နှင့် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူဦးရေ (၄၂) ဦးရှိပြီဖြစ်ကြောင်းသိရသည်။ မိမိတို့ပတ်ဝန်းကျင်၌ ပိုးတွေ့အတည်ပြုလူနာများနှင့် ထိတွေ့ခြင်းများ၊ သံသလက္ခဏာများ ဖြစ်ပေါ်လာခြင်းများရှိပါက မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ ဖုန်းနံပါတ် (၀၉-၆၆၈ ၈၆၈ ၂၅၈) နှင့် (၀၉- ၇၇၀ ၆၆၃ ၂၇၈) တို့သို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း၊ နေ့စဉ် နံနက် (၉) နာရီမှ (၁၁) နာရီအတွင်း Covid-19 RDT ဖြင့် စစ်ဆေးမှု ခံယူနိုင်ကြောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment