ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၅)ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက်(၅)ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

 


ဒဂုံ၊ ဒီဇင်ဘာ  ၉

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်အရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော်တန်ဆောင်းတွင် အသက်(၁၈)နှစ်နှင့် အထက် ရပ်ကွက် (၅) ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac)  ထိုးနှံခြင်း ကို ယနေ့ နံနက်(၉) နာရီအချိန်တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးဘေစင်နှင့် လက်သန့်ဆေးရည်များကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထားရှိပေးပြီး ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူ အသက်(၁၈)နှစ်နှင့် အထက်ရှိ ရပ်ကွက်နေပြည်သူ (၁၇၀)ဦး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် (Sinovac) ကို ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ဆေးထိုးနှံရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မဖြစ်ပေါ်စေရေးအတွက်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)