တပ်မတော်သားများနဲ့အတူ ပြည်သူတွေ ရှိတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်သားများနဲ့အတူ ပြည်သူတွေ ရှိတယ်



ဒီကနေ့ ရန်ကုန်မြို့ပေါ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေကြတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် မြန်မာနေရှင်နယ်ပို့စ်နဲ့ စေတနာရှင်တွေက ထမင်းဗူး၊ ရေသန့် အစရှိသဖြင့် သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ မိမိတို့ တတ်နိုင်သလောက် ပူးပေါင်း ကူညီခြင်းပဲ ဖြစ်ပါတယ်။

ဒီလိုဆောင်ရွက်ခြင်းရဲ့ နောက်ကွယ်မှာလဲ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ တိုင်းရင်းသား ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးထက် အလုပ်ထက် မွန်မြတ်တဲ့ အလုပ်ဆိုတာ မရှိပါဘူး။ အမွန်မြတ်ဆုံး အလုပ်တာဝန်ကို ထမ်းဆောင်နေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်ပသြဇာခံ မီဒီယာတွေရဲ့ လှုံ့ဆော်မှုတွေကြောင့် ရန်လိုအမုန်းပွား၊ အဆိုးမြင်နေကြတာတွေ ရှိပါတယ်။

ဒါကြောင့်လည်း ကျွန်တော်တို့ တတ်စွမ်းနိုင်သ၍ တပ်မတော်သားတွေရဲ့ နောက်မှာ ပြည်သူတွေ ရှိတယ်ဆိုတာကို ပြသခြင်းပါပဲ။ 

တိုင်းပြည်မှာ ယနေ့ ကြုံတွေ့နေရတဲ့ အခြေအနေက သာမန် ထကြွပုန်ကန်မှုနဲ့ ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ အနောက်နိုင်ငံတွေရဲ့ စနစ်တကျ ခေတ်သစ်ကိုလိုနီစနစ်ကို ကျင့်သုံးပြီး နိုင်ငံရေးသမားအမည်ခံ လုပ်စား နိုင်ငံရေးသမားတွေကို မွေးစားပြီး တိုင်းဖျက်ပြည်ဖျက် အလုပ်ကို စနစ်တကျ လုပ်ဆောင်နေခြင်း ဖြစ်တာကြောင့် တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ တိုင်းပြည်ကာကွယ်ရေး ဆောင်ရွက်နေကြသူတွေနဲ့ ကျွန်တော်တို့ ပြည်သူတွေဟာ ပိုပြီး စည်းလုံးညီညွတ်နေဖို့ လိုပါတယ်။

တပ်မတော်ကို ထကြွပုန်ကန်နေသူတွေ ရှိတယ်။ မင်းတို့က ဘောမတွေ မို့လို့ တပ်မတော်သားတွေကို ထမင်းသွားကျွေးတာပေါ့လို့ ပြောရင်လည်း အပြောခံနိုင်ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအပေါ် ဂုပ်သွေးစုပ်နေတဲ့ တပ်မတော်ဆိုရင်တော့ ထကြွပုန်ကန်ခြင်းဟာ မှန်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီတိုင်းပြည် အဖြစ် လျှောက်လှမ်းဖို့ ပြည်သူအများ လိုလားတောင်းတတဲ့ စနစ်တစ်ခုကိုလည်း တပ်မတော်က လမ်းဖွင့်ပေးခဲ့တယ်။ ဒီမိုကရေစီအစိုးရသက်တမ်း နှစ်ဆက် တပ်မတော်ရဲ့ ရပ်တည်ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင်လည်း အများပြည်သူ အကျိုးပြုလုပ်ငန်းတွေနဲ့ တိုင်းတပါး ခိုးဝင်ကျူးကျော်မှုအန္တရာယ်ကို အဓိကထားပြီး ကာကွယ်ပေးတဲ့ အလုပ်ကိုပဲ လုပ်ခဲ့တာ ရှိတယ်။ လွှတ်တော်တွင်း ရပ်တည်နေတဲ့ ၂၅ ရာခိုင်နှုန်းရဲ့ ရပ်တည်ပြောဆိုခဲ့တဲ့ မှတ်တမ်းတွေကို ပြန်လည်လေ့လာ ကြည့်မယ်ဆိုရင်လည်း တိုင်းပြည်နဲ့ လူမျိုးအတွက် အကျိုးယုတ်စေမယ့် ကိစ္စတွေကို ကန့်ကွက်ဆွေးနွေးတယ်။ အမျိုးသားရေးကို ဦးထိပ်ပန်ဆင်ပြီး အလုပ် လုပ်ခဲ့ကြတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း တပ်မတော်က သူ့သဘော သူ့ဆန္ဒအရ မဲစာရင်းတွေ စစ်ဆေးထုတ်ပြန်ပြီး ဖြေရှင်းဖို့ ပြောဆိုခဲ့တာမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲကာလအတွင်းမှာ NLD ပါတီရဲ့ မဲလိမ် မဲခိုး မဲမသာမှု လုပ်ရပ်တွေအပေါ် မကျေနပ်နိုင်ကြတဲ့ ပြည်သူတွေ၊ တရားမျှတမှု မရှိဘူးလို့ ထောက်ပြပြောဆိုနေကြတဲ့ နိုင်ငံရေးပါတီတွေရဲ့ တောင်းဆိုချက်တွေကို အာဏာရအဖွဲ့အစည်းက လုံးဝ ဖြေရှင်းခြင်း မရှိတဲ့အတွက် စစ်ဆေးဖော်ထုတ်ပြီး ဖြေရှင်းဖို့ကိုလည်း အကြိမ်ပေါင်းများစွာ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

NLD ပါတီရဲ့ မဲလိမ် မဲခိုး မဲမသမာမှုဖြစ်စဉ်တွေကို မခံနိုင်မရပ်နိုင်ဖြစ်နေကြတဲ့ ပြည်သူတွေက ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့ကြတယ်။ နိုင်ငံရေးပါတီတွေက သတင်းစာရှင်းလင်းပွဲတွေ ကျင်းပပြီး ထောက်ပြ ပြောဆိုခဲ့တယ်။ တပ်မတော်က စနစ်တကျ စစ်ဆေးပြီး မဲမသာမှုတွေကို စာရင်းအတိအကျ ထုတ်ပြန်ခဲ့ပါတယ်။ 

အာဏာရဲ့ အရသာကို သိပြီး တိုင်းတပါးသား အကြံပေးတွေရဲ့ တိုက်တွန်းလှုံ့ဆော်မှုတွေအရ အာဏာသက်ဆိုးရှည်ဖို့ မသမာသော နည်းလမ်းကို သုံးခဲ့တဲ့ NLD ပါတီဟာ တပ်မတော်က ရွေးကောက်ပွဲ ကိစ္စမှာ ဝင်ပါလာခဲ့ရင် ဆူပူအကြမ်းဖက် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လက်နက်တွေကို ကြိုတင်စုဆောင်းထားခဲ့တဲ့ အခြေအနေတွေကိုလည်း တွေ့မြင်သိရှိခဲ့ကြရပါတယ်။

ထင်သာမြင်သာ အရှိဆုံး အချက်တွေကို ထောက်ရှုပြောဆိုပါဆိုရင် တပ်မတော်က ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပေးအပ်တဲ့ တာဝန်အရ အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး နောက်ပိုင်းမှာ NLD ခေါင်းဆောင်တချို့နဲ့ ၈၈ ပွင့်လင်းက နိုင်ငံရေးလုပ်စားသူတွေဟာ အမေရိကန်သူဌေးကြီး ဂျော့ဆိုးရော့စ် ထောက်ပံ့ထားတဲ့ ငွေတွေ၊ အစ္စလာမ်းမစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) က တရားမဝင် ထောက်ပံ့ပေးထားတဲ့ ငွေတွေကို ထင်ပေါ်ကျော်ကြားတဲ့ အနုပညာရှင်တွေ လက်ထဲဖြန့်ဝေပြီး လမ်းပေါ်ထွက် ဆူပူမှုတွေကို နောက်ကနေ လိုက်လံထောက်ပံ့ပေးတယ်။ ထမင်းဗူးဝေရင်း ထမင်းဗူးထဲမှာ (၅၀၀၀) (၁၀၀၀၀) ထည့်ပေးပြီး ဆန္ဒပြ နေ့စားတွေ လမ်းပေါ်စွဲတင်ခဲ့တယ်။ တိုင်းတပါးသားတွေ၊ ဘာသာခြားတွေ ပုံဖော်လိုတဲ့ ဆူပူအကြမ်းဖက်မှုဆီကို NLDပါတီက နိုင်ငံရေးလုပ်သားသူတွေနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့က နိုင်ငံရေးလုပ်စားသူတွေက ငွေမျက်နှာတစ်ခုတည်းကို ကြည့်ပြီး ဘယ်သူသေသေ ငတေမာရင်ပြီးရော စိတ်နဲ့ လုပ်သွားကြတာကို ပြည်သူတွေက မိမိတို့ရဲ့ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိတော့လောက်အောင်အထိ လှုံ့ဆော်မှုအားကောင်းကောင်းနဲ့ ပြည်သူတွေကို အသုံးချသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။

NLD ပါတီက နိုင်ငံရေးလုပ်စားသူတွေနဲ့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက နိုင်ငံရေးလုပ်စားသူတွေရဲ့ နောက်မှာ အမေရိကန်နဲ့ EU နိုင်ငံတွေ ရှိနေပါတယ်။ NLD, ၈၈ က နိုင်ငံရေးလုပ်စားသူတွေ အကြမ်းဖက်လှုပ်ရှားမှုတွေကို ထောက်ပံ့ပေးခဲ့တဲ့ အမေရိကန်နဲ့ EUနိုင်ငံတွေဟာလည်း အကြမ်းဖက်အားပေး နိုင်ငံတွေပဲ ဖြစ်ပါတယ်။

NLD, ၈၈ က နိုင်ငံရေးလုပ်စားသူတွေဟာ အနုပညာရှင်တွေကို အသုံးချပြီး လူငယ် လူရွယ်တွေကို သူတို့နောက် ပါအောင် စွဲဆောင်သွားကြတယ်။ အနုပညာရှင်ဆိုတာကတော့ ငွေရရင် ဘာမဆိုလုပ်တဲ့ အမျိုးအစားထဲက ပုဂ္ဂိုလ်တွေဖြစ်လို့ အထူးပြောစရာ မရှိပေမယ့် လူငယ်တွေကတော့ ဘဝတွေပျက် အကြမ်းဖက်သမားလေးတွေအဖြစ်နဲ့ နိဂုံးချုပ်ရမယ့် အခြေအနေကို ဆိုက်ရောက်သွားခဲ့ပါတယ်။

တိုင်းပြည်နဲ့ လူမျိုးအကျိုးကို တကယ်အလေးထားတဲ့ နိုင်ငံရေးသမားဟာ တိုင်းရင်းသားပြည်သူအချင်းချင်း ရန်လိုအမုန်းပွားပြီး လုပ်ကြံသတ်ဖြတ်သည်အထိ တိုက်ခိုက်ဖို့ မလှုံ့ဆော်ပါဘူး။ NLD, ၈၈ နိုင်ငံရေးသမားတွေဟာ တိုင်းရင်းသား ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ဖို့အထိ တိုင်းတပါးက ရရှိတဲ့ ငွေကြေး၊ လက်နက် အထောက်အပံ့ကို ယူပြီး အကြမ်းဖက် လုပ်ကြံသတ်ဖြတ်သည်အထိ အရုပ်ဆိုးအကျည်းတန်လှတဲ့ လုပ်ရပ်တွေ လုပ်ဆောင်လာခြင်းဟာ တိုင်းပြည်နဲ့ လူမျိုးအကျိုးအတွက် နိုင်ငံရေးလုပ်ခြင်းမဟုတ်ဘဲ ငွေမျက်နှာတစ်ခုတည်းကိုကြည့်ပြီး ကိုယ်ကျိုးရှာနိုင်ငံရေးကို လုပ်ခဲ့သူတွေဆိုတာ ထင်ရှားစွာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

NLD ပါတီက နိုင်ငံရေးသမားတွေလို အစွန်းရောက်စိတ်ဓာတ်မျိုး အခြားသောပါတီအဖွဲ့အစည်းကို ဦးဆောင်သူတွေမှာသာ ရှိခဲ့မယ်ဆိုရင် ရွေးကောက်ပွဲကာလမှာ NLD ပါတီရဲ့ မဲလိမ်မဲခိုးမှုတွေကို မခံမရပ်နိုင်ဖြစ်ကြတဲ့ ပြည်သူတွေ NLDပါတီဝင်တွေကို လုပ်ကြံသတ်ဖြတ်ကြမှာ မလွဲပါပဲ။ ရွေးကောက်ပွဲ အလွန်ကာလမှာလည်း မဲလိမ် မဲခိုး ပြဿနာတွေကို မဖြေရှင်းလို့ NLD ပါတီဝင်တွေကို လုပ်ကြံသတ်ဖြတ်ကြဖို့ လှုံ့ဆော်မှာ အမှန်ပါပဲ။ အခြားပါတီခေါင်းဆောင်တွေမှာ NLD ပါတီက နိုင်ငံရေးသမားတွေလို အစွန်းရောက်စိတ်ဓာတ်ရှိမယ်ဆိုရင် ဖြစ်ပေါ်နိုင်တဲ့ အခြေအနေကို သုံးသပ်ပြခြင်းပါ။ USDP အပါအဝင် ဘယ်နိုင်ငံရေးပါတီ ခေါင်းဆောင်ကမှ မဲလိမ် မဲခိုး မဲမသမာမှုတွေ ကျူးလွန်တဲ့ NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို လုပ်ကြံသတ်ဖြတ်ဖို့ မလှုံ့ဆော်ခဲ့ကြပါဘူး။ နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့သာ တိုက်တွန်းဆောင်ရွက်ခဲ့ကြပေမယ့် နိုင်ငံရေးအစွန်းရောက် အာဏာယစ်မူးနေတဲ့ NLD ခေါင်းဆောင်တွေဟာ ၅နှစ် ရတဲ့ အာဏာကို တစ်ဘဝစာအတွက်လို ထင်မှတ်ပြီး မာန်တက်ခဲ့ကြလို့ တပ်မတော်က ဝင်ရောက်ထိန်းသိမ်းလိုက်ရတဲ့ အခြေအနေမျိုး ဆိုက်ရောက်ခဲ့ရပါတယ်။

NLD, ၈၈ နိုင်ငံရေး လုပ်စားသူတွေရဲ့ နောက်မှာ မြန်မာပြည်တည်ငြိမ်အေးချမ်းမှာကို မလိုလားတဲ့ အမေရိကန်၊ EU၊ OIC နိုင်ငံတွေ ရှိနေတာ သိသာထင်ရှားပါတယ်။ အဲဒီလို အချက်အလက်တွေကို ထောက်ရှုကြည့်ရင် ခေတ်သစ်ကိုလိုနီတွေဟာ ငွေကို ရေလိုသုံးပြီး အသားထဲက လောက်ထွက်၊ ငွေမျက်နှာတစ်ခုတည်းကို ကြည့်တဲ့ NLD, ၈၈ က နိုင်ငံရေးသမားတွေနဲ့ မီဒီယာအမည်ခံပြီး လုပ်စားနေတဲ့ DVB, Mizzima, The Irrawaddy, Khit Thit Media, Myanmar Now တို့လို ကိုယ်ကျိုးရှာ မီဒီယာသမားတွေကို ငွေတွေ ပုံအောပေးပြီး မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် စနစ်တကျ လုပ်ဆောင်နေကြခြင်းဖြစ်ပါတယ်။

ဒါကြောင့် တပ်မတော်နဲ့ ပြည်သူ တသားတည်း ရှိဖို့ လိုအပ်တယ်။ တပ်မတော်ဟာ အသားထဲက လောက်ထွက်တဲ့ လုပ်စားနိုင်ငံရေးသမားတွေရဲ့ အန္တရာယ်ကိုသာ ကာကွယ်နေရတာမဟုတ်ဘူး။ အဲဒီ လုပ်စားနိုင်ရေးသမားတွေရဲ့ နောက်ကွယ်က ပြည်ပအန္တရာယ်တွေကိုပါ ကာကွယ်နေရခြင်းဖြစ်တယ်။

တိုင်းရင်းသားပြည်သူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ကျရောက်လာမယ့် အန္တရာယ်တွေကို အသက်ကို ပဓာနမထားဘဲ ကာကွယ်နေကြရတဲ့ တပ်မတော်သားတွေရဲ့ နောက်မှာ ပြည်သူတွေ ရှိနေကြောင်း ပြသရမယ်။ တပ်မတော်သားတွေအတွက် စိတ်ဓာတ်ခွန်အားပါပဲ။ တပ်မတော်သားတွေကို ပြည်သူတိုင်းက ဆန့်ကျင်နေတာ မဟုတ်ဘူး။ အစွန်းရောက် ကိုယ်ကျိုးရှာ လုပ်စားနိုင်ငံရေးသမားတွေရဲ့ သွေးထိုးမြှောက်ပင့် လှုံ့ဆော်မှုတွေကို အဟုတ်ထင်နေတဲ့ အစွန်းရောက် အကြမ်းဖက်အုပ်စု တစ်စုတည်းသာလျှင် တပ်မတော်သားတွေကို တိုက်ခိုက်ဖို့၊ လုပ်ကြံဖို့ ခွေးချောင်း ချောင်းနေကြခြင်းဖြစ်တယ်။ အခြားသော ပြည်သူတွေမှာ တပ်မတော်သားတွေရဲ့ ကာကွယ်ပေးမှု လိုအပ်နေတယ်။ တပ်မတော်သားတွေနဲ့ တသားတည်းရှိနေတယ်။ ဒါပါပဲ။

တိုင်းပြည်နဲ့ လူမျိုးအကျိုးကို အလေးထားတဲ့ နိုင်ငံရေးသမားဟာ ကိုယ့်နိုင်ငံသား (တိုင်းရင်းသားပြည်သူအချင်းချင်း) လုပ်ကြံသတ်ဖြတ်ဖို့ ဘယ်တော့မှ မလှုံ့ဆော်ဘူး။ တော်လှန်ရေးသမားများဟာ အပြစ်မဲ့ ပြည်သူဘက်ကို ဘယ်တော့မှ သေနတ်ပြောင်းမလှည့်ဘူး။ တိုင်းပြည်နဲ့ လူမျိုးကောင်းကျိုးအတွက်လား ဆိုတော့လဲ မဟုတ်၊ တော်လှန်ရေးသမားများရဲ့ ကျင့်ဝတ်စည်းကမ်းတွေကို လိုက်နာသလား ဆိုတော့လဲ မဟုတ်။ 

NLD, ၈၈ က နိုင်ငံရေးလုပ်စားသူတွေဟာ သူတို့ကို ပေးကမ်းထောက်ပံ့ပေးနေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတွေရဲ့ အလိုကျ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်ပြီး စီးပွားရှာနေကြခြင်း ဖြစ်တယ်။

ပြည်သူတစ်ယောက်ချင်းစီကို အသိတရား ရှိစေချင်ပါတယ်။ တော်လှန်မယ်ဆိုရင်လည်း ဒီအချက်လေးတွေ စဉ်းစားပြီးမှ တော်လှန်ပါ။ ပြည်သူကောင်းတစ်ယောက်ဆိုတာ ကျရောက်လာမယ့် အန္တရာယ်တွေကို ကာကွယ်ပေးနေတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်တော့မှ မတိုက်ခိုက်ရဘူး။ ပုဂ္ဂလိက အားဖြင့် တပ်မတော်အရာရှိတစ်ဦးက ရဲအရာရှိတစ်ဦးက ကိုယ်ကျိုးရှာနေတာတွေကို ဖော်ထုတ် တင်ပြတားဆီးခွင့်ရှိတယ်။ တိုင်းတပါးသား အလိုကျ ကိုယ့်တိုင်းပြည်ရဲ့ အင်အားဆုံးရှုံးအောင် မလုပ်နဲ့။ အဲဒီလို မလုပ်သ၍ တိုင်းပြည်ရဲ့ ရန်သူမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ကို ကာကွယ်နေတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်လာပြီးဆိုရင်တော့ အဲဒီလူဟာ တိုင်းပြည်ရဲ့ ရန်သူပါပဲ။

တိုင်းပြည်ရဲ့ ရန်သူတွေကို ချေမှုန်းဖို့ရာဟာလည်း တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ပါပဲ။ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်နေကြသော၊ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်ကိုပင် လုပ်ကြံသတ်ဖြတ်နေကြသော၊ မိမိတို့ရဲ့ အန္တဂိုဏ်းဝင် ဆရာ/ ဆရာမများကိုပင် လုပ်ကြံသတ်ဖြတ်နေကြသော တိုင်းပြည်ရဲ့ ရန်သူ အစွန်းရောက် အကြမ်းဖက်များကို နှိမ်နင်းနေသော တပ်မတော်သားများရဲ့ နောက်မှာ ပြည်သူတစ်ရပ်လုံးက တစ်သားတည်း ရှိကြောင်း ပြသပါလေ။

တိုင်းရင်းသားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အလုပ်ထက် မြင့်မြတ်တဲ့ အလုပ်ဆိုတာ မရှိပါဘူး။ အမြင့်မြတ်ဆုံး အလုပ်ကို အသက်နဲ့ရင်းပြီး ဆောင်ရွက်ပေးနေကြတဲ့ တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ကျေးဇူးတရားကို ပြည်သူတစ်ယောက်အနေနဲ့ နားလည်သည့်အလျှောက် တတ်စွမ်းသည့် ဘက်မှ ကူညီခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်သိစိတ်ပင် ဖြစ်သည်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)