ကလိန်အောင်၊ ဒီဇင်ဘာ ၉
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ အမှတ်(၂) ရပ်ကွက်ရှိ ဆံတော်ရှင်ဂေါပကကိုယ်ပိုင်ဈေး၌ ဈေးရောင်းချနေသည့် ဈေးသူ/ဈေးသားများ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဈေးရောင်းချနေသူများအား ဒီဇင်ဘာ ၉ ရက် နံနက် ၉ နာရီခွဲက Rapid Test- kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့ ကွင်းဆင်း စစ်ဆေးပေးခြင်း
ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကလိန်အောင်မြို့အတွင်းရှိပြည်သူများ COVID-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် ဆံတော်ရှင်ဂေါပကကိုယ်ပိုင်ဈေး၌ ဈေးရောင်းချနေသည့် ဈေးသည်များ၊ မြို့ပေါ်ရပ်ကွက်ရှိ ကုန်စုံဆိုင်ပိုင်ရှင်များနှင့် ဈေးရောင်းချနေသူ ကျား(၅)ဦး၊ မ(၄၅)ဦး၊ စုစုပေါင်း(၅၀)ဦးအား ကွင်းဆင်း၍ Rapid Test- kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ အခမဲ့စစ်ဆေးဆောင်ရွက်ခဲ့ပြီး ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကိုရေဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန် ဒေါက်တာ ကျော်မိုးမြင့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးမင်းခိုင်နှင့်အဖွဲ့၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသက်ပိုင်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ နယ်ထိန်း ရဲတပ်ကြပ်ဝင်းထွန်းနှင့် မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့ က ဈေးသည်များအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့် အညီဈေးရောင်းချကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment