လောင်းလုံး၊ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် မြို့နယ်အားကစားသမားများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ အားကစားနှင့်ကာယဝန်ကြီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ကအားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား(ဖိတ်ခေါ်) စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို လောင်းလုံးမြို့နယ် ၊ တောရှည်ကျေးရွာ၊ အ-မ-က ကျောင်းခန်းမ၌ ပြုလုပ်ကျင်းပသည်။
ရှေးဦစွာ အသက်(၁၈) နှစ်အောက်(ဖိတ်ခေါ်) စစ်တုရင်ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုကို မြို့နယ်စီမံအဖွဲ့ဝင် ဦးဇော်ငြိမ်းအားလည်းကောင်း၊ အသက် (၂၅)နှစ်အောက် (ဖိတ်ခေါ်) စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးရဲမင်းထွန်းအားလည်းကောင်း၊ အမျိုးသမီး(အလွတ်တန်း) ဖိတ်ခေါ်စစ်တုရင်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦအောင်းထိုက်အားလည်းကောင်း ဆုများအသီးသီးကို ဆုတံဆိပ်နှင့် ငွေသားများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲမင်းထွန်း၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဇော်ငြိမ်း၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အားကစားပြိုင်ပွဲဝင်များ အသီးသီးတက်ရောက်ခဲ့ကြောင်းသိရသည်။
သတင်း - သိန်းသိန်း(လောင်းလုံး)
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment