ရေဖြူ၊ ဒီဇင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား၊ အခြေခံပညာအသင်းပေါင်းစုံ အေရိုးဗစ်ပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာ ၉ ရက် ညနေ ၃ နာရီက အ-ထ-က ရေဖြူ ကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ရေဖြူမြို့နယ်၊ အခြေခံပညာကျောင်းများမှ အသင်း ၅ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမဆုကို နှင်းဆီအသင်းကလည်းကောင်း၊ ဒုတိယဆုကို ချယ်ရီအသင်းကလည်းကောင်း၊ တတိယဆုကို ဇီဇဝါအသင်းကလည်းကောင်း အသီးသီးဆွတ်ခူးရရှိကာ ဆုရရှိသော အသင်းများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲသို့ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြကြောင်းသိရသည်။
သတင်း - ခတ္တာ
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment